Burma Election 2010

Home ပြည်ထောင်စု ရွေးကောက်ပွဲ ကော်မရှင် အဖွဲ့ဝင်များ ပြည်ထောင်စု ရွေးကောက်ပွဲ ကော်မရှင် အဖွဲ့ဝင်များ

ပြည်ထောင်စု ရွေးကောက်ပွဲ ကော်မရှင် အဖွဲ့ဝင်များ

E-mail Print
မတ်လ ၁၁ ရက်နေ့တွင် စစ်အစိုးရက ပြည်ထောင်စု ရွေးကောက်ပွဲ ကော်မရှင်ကို ဖွဲ့စည်းလိုက်သည်။ ကော်မရှင်ကို စစ်ဥပဒေချုပ် အဖြစ် တာဝန် ထမ်းဆောင်ဖူးသူ ဗိုလ်ချုပ်ဟောင်း ဦးသိန်းစိုးက ဦးဆောင်သည်။ ကော်မရှင် အဖွဲ့ဝင်များ၏ ကိုယ်ရေး အချက်များကို ဧရာဝတီက ဆက်လက် စုဆောင်း ဖြည့်စွက် တင်ပြသွားပါမည်။

စဉ် အမည် အဆင့် ကိုယ်ရေးအကျဉ်း ဓာတ်ပုံ
ဦးသိန်းစိုး ဥက္ကဋ္ဌ စစ်ဥပဒေချုပ် အဖြစ် တာဝန် ယူခဲ့သော အငြိမ်းစား ဗိုလ်ချုပ် ဖြစ်သည်။ ထို့နောက် ဒုတိယ တရားသူကြီးချုပ် အဖြစ် ဆောင်ရွက်သည်။ ၂၀၀၈ အခြေခံဥပဒေ မူကြမ်း ရေးဆွဲရေး ကော်မရှင် အဖွဲ့ဝင် ဟောင်းလည်း ဖြစ်သည်။
ဦးဝင်းကို အတွင်းရေးမှူး အခြေခံ ဥပဒေ မူကြမ်း ရေးဆွဲရေး ကော်မတီ၏ တွဲဘက် အတွင်းရေးမှူး၊ ၁၉၉၀ ရွေးကောက်ပွဲ ကော်မရှင်ရုံး၏ ညွှန်ကြားရေး မှူးချုပ် စသည့် တာဝန်များ ထမ်းဆောင် ခဲ့သည်။ ဥပဒေ မဟာဝိဇ္ဇာ ဘွဲ့ရ ဖြစ်သည်။
ဦးအင်ဇော်နော် အဖွဲ့ဝင် ကချင် တိုင်းရင်းသား ဖြစ်ပြီး ကချင် ပြည်နယ်၊ မြစ်ကြီးနား ခရိုင် ဥပဒေ အရာရှိဟောင်း ဖြစ်သည်။ ၂၀၀၈ အခြေခံ ဥပဒေမူကြမ်း ရေးဆွဲရေး ကော်မရှင် အဖွဲ့ဝင်လည်း ဖြစ်သည်။
ဦးခင်မောင်နု အဖွဲ့ဝင် မသိရသေး။
ဦးစောဘလှိုင် အဖွဲ့ဝင် မသိရသေး။
ဒေါက်တာဘမောင် အဖွဲ့ဝင် သမိုင်း သုတေသန ဦးစီးဌာန ညွှန်ကြား ရေးမှူး ချုပ်ဟောင်း ဖြစ်သည်။
ဦးညွှန့်တင် အဖွဲ့ဝင် မသိရသေး။
ဦးမောင်သာလှ အဖွဲ့ဝင် မသိရသေး။
ဒေါက်တာစိုင်းခမ်းလှိုင် အဖွဲ့ဝင် မသိရသေး။
၁၀ ဦးအောင်မြင့် အဖွဲ့ဝင် ဝန်ထမ်း ရွေးချယ် လေ့ကျင့်ရေး အဖွဲ့ဝင် ဟောင်းနှင့် စစ်အစိုးရ၏ မြန်မာ့ စီးပွားရေး ဦးပိုင် လီမိတက် ညွှန်ကြား ရေးမှူးဟောင်း ဖြစ်သည်။ ၁၉၇၀ ခုနှစ်များ အတွင်း ဥပဒေ ဘွဲ့များ ရပြီးနောက် စစ်ဥပဒေချုပ် ရုံးသို့ ပြောင်းရွှေ့ တာဝန် ထမ်းဆောင်သည်။ ၁၉၆၂ တွင် လေတပ်သို့ ဒုဗိုလ် အဆင့်ဖြင့် ဝင်ခဲ့ပြီး ဒုဗိုလ်မှူးကြီး အဆင့် အထိ တာဝန် ထမ်းဆောင် ခဲ့သည်။
၁၁ ဦးမြင့်နိုင် အဖွဲ့ဝင် ဒုတိယ ရှေ့နေချုပ်ဟောင်း ဖြစ်သည်။
၁၂ ဒေါက်တာတင်အောင်အေး အဖွဲ့ဝင် တရားရုံးချုပ် တရားသူကြီး၊ ၂၀၀၈ အခြေခံ ဥပဒေ မူကြမ်း ရေးဆွဲရေး ကော်မရှင် အဖွဲ့ဝင် စသည့် တာဝန်များ ထမ်းဆောင် ခဲ့သည်။ ရန်ကုန် တက္ကသိုလ်တွင် ပါမောက္ခ ချုပ်လည်း ဖြစ်ခဲ့သည်။ dr_tin_aung_aye_ec_member
၁၃ ဒေါက်တာဒေါ်မြင့်ကြည် အဖွဲ့ဝင် ရန်ကုန် တက္ကသိုလ်၊ နိုင်ငံတကာ ဆက်ဆံရေး ပါမောက္ခဟောင်း ဖြစ်ပြီး မြန်မာနိုင်ငံ အမျိုးသမီး ရေးရာ အဖွဲ့ချုပ် တွင်လည်း ဥက္ကဋ္ဌ တာဝန် ယူဖူးသည်။
၁၄ ဒေါ်ခင်လှမြင့် အဖွဲ့ဝင် မသိရသေး။
၁၅ ဦးသာဦး အဖွဲ့ဝင် မသိရသေး။
၁၆ ဒေါက်တာမောင်တူး အဖွဲ့ဝင် မုံရွာတက္ကသိုလ် ပါမောက္ခချုပ်ဟောင်း ဖြစ်သည်။
၁၇ ဦးသာဌေး အဖွဲ့ဝင် မသိရသေး။
၁၈ ဦးဝင်းကြည် အဖွဲ့ဝင် မသိရသေး။
Last Updated ( Monday, 26 April 2010 07:55 )  
ads-Distribution-of-Constituencies
ads-members

ဆန္ဒသဘောထား

နိုဝင်ဘာလ ၇ ရက်နေ့တွင် ကျင်းပမည့် ရွေးကောက်ပွဲကို သင် မဲပေးမည်လား၊ သပိတ်မှောက်မည်လား။
 

သူတို့ပြောသမျှ

mm-nyan-win“နိုဝင်ဘာလမှာ သူ (ဒေါ်အောင်ဆန်းစုကြည်) ရဲ့ ပြစ်ဒဏ်ကာလ ကုန်ဆုံးချိန်မှာ ချမှတ်ထားတဲ့ပြစ်ဒဏ်ကို သူခံယူပြီး ဖြစ်ပါ လိမ့်မယ်။ ဒီကိစ္စအပေါ် အငြင်းပွားစရာ မရှိပါဘူး” — စစ်အစိုးရ နိုင်ငံခြားရေးဝန်ကြီး ဦးဉာဏ်ဝင်း