Burma Election 2010

Home နိုင်ငံရေးပါတီများ အမျိုးသား ဒီမိုကရေစီအင်အားစု

အမျိုးသား ဒီမိုကရေစီအင်အားစု

E-mail Print
01 02
ပါတီအလံ ပါတီအမှတ်တံဆိပ်
(၁) အမျိုးသား ဒီမိုကရေစီအင်အားစု
ပါတီခေါင်းဆောင် ဦးခင်မောင်ဆွေ၊ ဒေါက်တာသန်းငြိမ်း (အမျိုးသား ဒီမိုကရေစီအဖွဲ့ချုပ်၌ ဗဟိုအလုပ်အမှုဆောင်များ အဖြစ် တာဝန်ယူခဲ့)
ပါတီမဲဆန္ဒနယ် နိုင်ငံတဝန်း
ပါတီမူဝါဒ လုပ်ငန်းစဉ် တစ်ဦးချင်း ပုဂ္ဂလိက လွတ်လပ်ခွင့်ကို ဗဟိုရည်မှန်းချက် အဖြစ် သဘောထားသည်။ ထို့ကြောင့် ပုဂ္ဂလိက လုပ်ငန်းများ အဓိက ပါဝင်လျက် အစိုးရက ဆောင်ရွက်ပေးသော၊ ညှိနှိုင်း စီမံသော ဝန်ဆောင်မှု တချို့တို့ဖြင့် ပေါင်းစပ်ထားသော စီးပွားရေး ပုံစံကို ကျင့်သုံးရန် လက်ခံသည်။ ထို့အပြင် ပြည်သူ့ အခွင့်အရေး၊ နိုင်ငံသား အခွင့်အရေး၊ လူ့အခွင့် အရေးနှင့် ပြည်သူ့ လွတ်လပ်ခွင့် တို့ကိုလည်း ခံစားရရှိမည်ဟု ယုံကြည်သည်။ ပုဂ္ဂလိက လွတ်လပ်ခွင့်နှင့် ဈေးကွက် စီးပွားရေးကို အခြေခံကာ ပြည်သူအများ သက်သာ ချောင်ချိမှုကို ဦးတည်လျှက် အစိုးရက လိုအပ်သလို ကူညီ ထိန်းညှိပေးသော “လူမှုအခြေပြု လွတ်လပ်ခွင့်ဝါဒ (Social Liberalism)” ကို မြန်မာ့ ယဉ်ကျေးမှု လူနေမှုဘဝနှင့် လျော်ညီစွာ ကျင့်သုံးခြင်းအား အခြေခံ သဘောတရားများ အဖြစ် ခံယူသည်။ လူထုလူတန်းစား အဖွဲ့အစည်းများ ဖွဲ့စည်း၍ လည်းကောင်း၊ လူမှုရေး အဖွဲ့များမှ လည်းကောင်း ဒီမိုကရေစီနှင့် လူ့အခွင့်အရေး သဘောထားများကို ပြည်သူများအကြား တန်ဖိုးထား နားလည်ရေး မြှင့်တင်ဆောင်ရွက်မည်။
ဆက်သွယ်ရန် အမှတ် ၁၀၃၊ တိုက် ၃၊ ဒဂုံလွင်လမ်း၊ တာမွေမြို့နယ်၊ ရန်ကုန်။ ဖုန်း (+) ၉၅ ၁ ၅၅၁ ၆၅၄
 
ads-Distribution-of-Constituencies
ads-members

ဆန္ဒသဘောထား

နိုဝင်ဘာလ ၇ ရက်နေ့တွင် ကျင်းပမည့် ရွေးကောက်ပွဲကို သင် မဲပေးမည်လား၊ သပိတ်မှောက်မည်လား။
 

သူတို့ပြောသမျှ

mm-nyan-win“နိုဝင်ဘာလမှာ သူ (ဒေါ်အောင်ဆန်းစုကြည်) ရဲ့ ပြစ်ဒဏ်ကာလ ကုန်ဆုံးချိန်မှာ ချမှတ်ထားတဲ့ပြစ်ဒဏ်ကို သူခံယူပြီး ဖြစ်ပါ လိမ့်မယ်။ ဒီကိစ္စအပေါ် အငြင်းပွားစရာ မရှိပါဘူး” — စစ်အစိုးရ နိုင်ငံခြားရေးဝန်ကြီး ဦးဉာဏ်ဝင်း