Burma Election 2010

Home နိုင်ငံရေးပါတီများ ဒီမိုကရေစီနှင့် ငြိမ်းချမ်းရေးပါတီ

ဒီမိုကရေစီနှင့် ငြိမ်းချမ်းရေးပါတီ

E-mail Print
01 02
ပါတီအလံ ပါတီအမှတ်တံဆိပ်
(၁၃) ဒီမိုကရေစီနှင့် ငြိမ်းချမ်းရေးပါတီ
ပါတီခေါင်းဆောင် ဦးအောင်သန်း (ဗဟိုတရားရုံးရှေ့နေတယောက်ဖြစ်သည်။ ၁၉၉၀ ရွေးကောက်ပွဲတွင် ၀င်ရောက် ယှဉ်ပြိုင်ခဲ့သော ဒီမိုကရေစီနှင့် ငြိမ်းချမ်းရေးအဖွဲ့ချုပ်၏ ဗဟိုအသိပညာရှင်များအဖွဲ့တွင် တွဲဖက် အတွင်းရေးမှူး ဖြစ်ခဲ့ပြီး ပန်းပဲတန်းမြို့နယ် လွှတ်တော် ကိုယ်စားလှယ်လောင်းအဖြစ် ၀င်ရောက် ယှဉ်ပြိုင်ခဲ့သည်။)
ပါတီမဲဆန္ဒနယ် ရန်ကုန်တိုင်းအတွင်း အဓိက ယှဉ်ပြိုင်သည်။
ပါတီမူဝါဒ လုပ်ငန်းစဉ် ပါတီသည် အစိုးရအရင်းရှင်စနစ်သို့ ဦးမလှည့်ရေးအတွက် လွတ်လပ်စွာ ယှဉ်ပြိုင်ရောင်းဝယ်သည့် ဈေးကွက်စီးပွားရေးစနစ်ကို ကျင့်သုံးမည်။ လူများစု ဆင်းရဲသားများ အကျိုးအတွက် အသေးစား ငွေစုငွေချေးအသင်းများကို ထူထောင်သွားမျာဖြစ်ပြီး ငွေကြေးအကျိုးအမြတ်အပေါ် အခြေမခံဘဲ ကျေးလက်လူထုကိုယ်တိုင် ဖွဲ့စည်းထူထောင်သည့် “လူမှုစီးပွား မြှင့်တင်ရေးအသင်း” များကို ပေါ်ပေါက်အောင် ဆောင်ရွက်မည်။
ဆက်သွယ်ရန် အမှတ် ၆၄၇၊ ကုန်သည်လမ်း၊ ပန်းပဲတန်းမြို့နယ်၊ ရန်ကုန်။ ဖုန်း (+) ၉၅ ၁ ၇၃၀ ၈၂၄ ၅၁
 
ads-Distribution-of-Constituencies
ads-members

ဆန္ဒသဘောထား

နိုဝင်ဘာလ ၇ ရက်နေ့တွင် ကျင်းပမည့် ရွေးကောက်ပွဲကို သင် မဲပေးမည်လား၊ သပိတ်မှောက်မည်လား။
 

သူတို့ပြောသမျှ

mm-nyan-win“နိုဝင်ဘာလမှာ သူ (ဒေါ်အောင်ဆန်းစုကြည်) ရဲ့ ပြစ်ဒဏ်ကာလ ကုန်ဆုံးချိန်မှာ ချမှတ်ထားတဲ့ပြစ်ဒဏ်ကို သူခံယူပြီး ဖြစ်ပါ လိမ့်မယ်။ ဒီကိစ္စအပေါ် အငြင်းပွားစရာ မရှိပါဘူး” — စစ်အစိုးရ နိုင်ငံခြားရေးဝန်ကြီး ဦးဉာဏ်ဝင်း