Burma Election 2010

Home သတင်း

သတင်း

ဧရာဝတီ ရွေးကောက်ပွဲ ကာတွန်းများ ကျေးရွာများတွင် ဖြန့်

E-mail Print
ရန်ကုန်တိုင်း အတွင်းရှိ ကျေးရွာများတွင် ဧရာဝတီ သတင်းဌာန ကာတွန်းဆရာ ဟန်လေး၏ ဆေးရောင်စုံ ကာတွန်းများ ကို ဖြန့်ဝေ၍ ရွေးကောက်ပွဲ ဆန့်ကျင်ရေး လှုပ်ရှားမှုတခု ယခုရက်ပိုင်းတွင် ပြုလုပ်ခဲ့ကြောင်း
Last Updated ( Friday, 15 October 2010 08:43 ) Read more...
 

ကြံ့ဖွံ့ဆန့်ကျင်ရေး သဘောင်္ဆေးဖြင့်ရေး

E-mail Print
ပဲခူးတိုင်း သာယာဝတီမြို့နှင့် သုံးဆယ်မြို့များတွင် ရွေးကောက်ပွဲနှင့် ပြည်ထောင်စု ကြံ့ခိုင်ရေးနှင့် ဖွံ့ဖြိုးရေးပါတီ (ကြံ့ဖွံ့ပါတီ) ကို ဆန့်ကျင်သည့် စာများကို သင်္ဘောဆေးဖြင့် အစိုးရဌာနဆိုင်ရာ ရုံးများနှင့်
Last Updated ( Friday, 15 October 2010 08:48 ) Read more...
 

ရိုဟင်ဂျာများကို ကြံ့ဖွံ့ပါတီဝင် ကတ်ပြားရောင်း

E-mail Print
ရခိုင်ပြည်နယ် ဘူးသီးတောင်၊ မောင်းတော မြို့နယ်များရှိ ရိုဟင်ဂျာများအား ပြည်ထောင်စု ကြံ့ခိုင်ရေးနှင့် ဖွံ့ဖြိုးရေးပါတီ (ကြံ့ဖွံ့ပါတီ) စည်းရုံးရေးမှူးများက ၎င်းတို့ ပါတီဝင် ကတ်ပြားများကို
Read more...
 

ကြံ့ဖွံ့ပါတီ မဲဝယ်နေပြီ

E-mail Print

ရန်ကုန်တိုင်း နှင့် ဧရာဝတီ တိုင်း၊ ရခိုင်ပြည်နယ် အတွင်းရှိ မြို့နယ် တချို့တွင် ပြည်ထောင်စု ကြံ့ခိုင်ရေးနှင့် ဖွံ့ဖြိုးရေး ပါတီ (ကြံ့ဖွံ့ပါတီ) နှင့် သက်ဆိုင်ရာ အာဏာပိုင် အဖွဲ့အစည်းများ

Last Updated ( Friday, 22 October 2010 09:33 ) Read more...
 

ရွေးကောက်ပွဲ အကြိုကာလတွင် ကျေးရွာ ဥက္ကဋ္ဌတဦး အသတ်ခံရ

E-mail Print

ရှမ်းပြည်မြောက်ပိုင်း နမ့်လန်မြို့နယ်အတွင်းမှ နမ့်ယန်းကျေးရွာ ဥက္ကဋ္ဌသည် အမည်မသိ သေနတ်သမား ၂ ဦး၏ ပစ်ခတ်မှုကြောင့် သေဆုံးခဲ့ပြီး အမှုအတွက် သံသယဖြစ်ခံရသူ ရွာသားတဦးကို

Read more...
 

ကြံ့ဖွံ့ ကြိုတင်မဲ စုဆောင်းမှု အရှိန်မြှင့်

E-mail Print

ပြည်ထောင်စု ကြံ့ခိုင်ရေးနှင့် ဖွံ့ဖြိုးရေးပါတီ(ကြံ့ဖွံ့ပါတီ)သည် ရွေးကောက်ပွဲ အောင်နိုင်ရေး အတွက် ကြိုတင်မဲ စုဆောင်းမှုများ အရှိန်အဟုန်မြှင့် လုပ်ဆောင်ခြင်းကို စတင်နေကြောင်း

Read more...
 

ဒီမိုကရေစီ မိတ်ဆွေပါတီများမှ ဒီငြိမ်းပါတီ နုတ်ထွက်

E-mail Print

ရွေးကောက်ပွဲ အောင်နိုင်ရေးအတွက် ယခုလ အစောပိုင်းက မဟာမိတ်အဖြစ် ပူးပေါင်းခဲ့ကြသော ဒီမိုကရေစီ မိတ်ဆွေ ပါတီ များအဖွဲ့မှ တပါတီ နုတ်ထွက်မည်ဖြစ်ကြောင်း သတင်းရရှိသည်။

အောက်တိုဘာလ ၂ ရက်နေ့တွင် စတင်ဖွဲ့စည်းသည့် ပါတီ ၆ ပါတီ ပါဝင်သည့် အဆိုပါအဖွဲ့မှ နုတ်ထွက်မည့် ဒီမိုကရေစီနှင့် ငြိမ်းချမ်းရေးပါတီ (ဒီငြိမ်းပါတီ) ဥက္ကဋ္ဌ ဦးအောင်သန်းက ယခုရက်ပိုင်းအတွင်း ဖြစ်ပေါ်ခဲ့သော ငွေကြေးဆိုင်ရာကိစ္စများ သေသေချာချာ မရှင်းလင်းခြင်းကြောင့် ပူးပေါင်း လုပ်ဆောင်ရန် ဆန္ဒမရှိတော့ကြောင်း ဆိုသည်။

“အဓိက ကတော့ ဦးလှမောင်ရွှေက ထောက်ပံ့ငွေကိစ္စကို တိတိကျကျ မရှင်းပြတာပါ။ ဒီလူက အစိုးရက ခန့်ထားတဲ့ တာဝန် တွေ၊ ရာထူးတွေကို ရယူထားသူပါ၊ ကျနော်တို့က ဒီလိုလူတွေနဲ့ မပတ်သက်ချင်ပါဘူး၊ ပါတီနိုင်ငံရေး သီးသန့်သာ သွားချင်ပါ တယ်။ ၆ ပါတီအဖွဲ့နဲ့ မပူးပေါင်းလည်း ကျနော်တို့က ကိုယ့်ဟာနဲ့ကိုယ် အဆင်ပြေပါတယ်”ဟု ဦးအောင်သန်းက ဧရာဝတီ သို့ ပြောသည်။

ဒီငြိမ်းပါတီသည် မည်သည့် စီးပွားရေး လုပ်ငန်းရှင်များထံမှ ငွေကြေးတစုံတရာ လက်ခံထားခြင်းမရှိဘဲ ပါတီအဖွဲ့ဝင်များ၏
ကိုယ်ပိုင်ငွေကြေးဖြင့်သာ ရပ်တည်နေကြောင်းလည်း ဦးအောင်သန်းက ရှင်းပြသည်။

ဒီမိုကရေစီ မိတ်ဆွေပါတီများ အဖွဲ့အတွင်းမှ အမျိုးသား ဒီမိုကရေစီ အင်အားစု (NDF) ပါတီနှင့် တိုင်းရင်းသားပါတီ တချို့အား စစ်အစိုးရနှင့် နီးစပ်သော စီးပွားရေးလုပ်ငန်းရှင် ဦးလှမောင်ရွှေက ငွေကြေးထောက်ပံ့ပေးထားသည့် သတင်းများ ပြီးခဲ့သည့်
ရက်ပိုင်းအတွင်း ထွက်ပေါ်ပြီးနောက် ဤသို့ အကွဲအပြဲများ ပေါ်ပေါက်လာခြင်းဖြစ်သည်။

ဦးလှမောင်ရွှေသည် မြန်မာနိုင်ငံ ငါးလုပ်ငန်း အဖွဲ့ချုပ်၏ တာဝန်ရှိသူ တဦးဖြစ်သည့်အပြင် ပြည်ထောင်စု မြန်မာနိုင်ငံ ကုန်သည်များနှင့် စက်မှုလက်မှု လုပ်ငန်းရှင်များ အသင်းချုပ် (UMFCCI) တွင်လည်း ဗဟိုအလုပ်အမှုဆောင်တဦး ဖြစ်သည်။ ထို့အပြင် Myanmar Egress အဖွဲ့ကို တည်ထောင်သူ ၇ ဦးတွင်လည်း တဦးအပါအဝင် ဖြစ်သည်။

ထိုပြဿနာများကို အောက်တိုဘာလ ၁၂ ရက်နေ့တွင် ဒီမိုကရေစီ မိတ်ဆွေပါတီများ အဖွဲ့က ဆွေးနွေးပွဲ လုပ်ခဲ့သော်လည်း ဒီငြိမ်းပါတီအနေဖြင့် ကျေနပ်မှုမရှိ၍ ခွဲထွက်ရန် ဆုံးဖြတ်လိုက်ခြင်းဖြစ်ကြောင်း သိရသည်။

ဆွေးနွေးပွဲသို့ ဒီငြိမ်းပါတီ အထွေထွေ အတွင်းရေးမှူး ဦးသန်းထွန်း တက်ရောက်ခဲ့ပြီး ရှေ့ဆက်ပူးပေါင်းရန် သဘောတူညီမှု ရရှိခဲ့ကြောင်း၊ ၎င်းက သဘောတူညီသော်လည်း ဒီငြိမ်းပါတီ၏ တခြားခေါင်းဆောင်ပိုင်းက မပူးပေါင်းနိုင်ဟု နောက်တနေ့တွင် မီဒီယာများသို့ ပြောဆိုခဲ့ခြင်း ဖြစ်ကြောင်း ပြည်ထောင်စု ဒီမိုကရေစီပါတီ ဥက္ကဋ္ဌ ဦးသိန်းဌေးက ဧရာဝတီကို ပြောသည်။

NDF ပါတီ ခေါင်းဆောင် တဦးဖြစ်သူ ဦးခင်မောင်ဆွေက “ဒီလို နိုင်ငံရေးခိုင်မာမှု မရှိတဲ့လူတွေ ထွက်သွားတာကို ကြိုဆိုပါ တယ်။ အခုလို ပြောဆိုနေမယ်ဆိုရင် သူတို့မထွက်လည်း ကျနော်တို့က ထုတ်ပယ်ရလိမ့်မယ်။ ဘာကြောင့်လည်းဆိုတော့ ပါတီအတွင်းမှာ ပြောရမယ့်စကားတွေကို စည်းဘောင်ကျော်ပြောတာဟာ ဒီမိုကရေစီ စံနဲ့ မကိုက်ညီလို့ပါ”ဟု ဝေဖန်ပြောဆို သည်။

ဒီငြိမ်းပါတီ၏ လုပ်ရပ်သည် ပြည်သူအကျိုးကို မျက်ကွယ်ပြုပြီး မိမိတို့ပါတီအကျိုးကိုသာ လုပ်ဆောင်ခြင်းဖြစ်ကြောင်း၊ လက်ရှိ အငြင်းပွားနေသော ငွေကြေးထောက်ပံ့မှု ကိစ္စသည် ယခင်ကပင် ပြည်တွင်းမီဒီယာများတွင် ဖော်ပြထားပြီးသား ဖြစ်၍ ယခု အချိန်မှ ထုတ်ဖော်ပြောဆိုလာခြင်းမှာ ထိုးနှက်မှုသာဖြစ်ကြောင်း၊ ဒီငြိမ်းပါတီ၏ နောက်ကွယ်တွင် ကြိုးကိုင် လှုံ့ဆော်နေသူ များ ရှိပြီး NDF ပါတီအား ပြိုင်ဘက်ဟု ပြောဆိုနေသည့်ပါတီနှင့် တသီးပုဂ္ဂလ ကိုယ်စားလှယ်လောင်းတချို့က လုပ်ဆောင်နေခြင်း ဖြစ်ကြောင်း ဦးခင်မောင်ဆွေက ဆက်လက် ပြောသည်။

ဒီမိုကရေစီ မိတ်ဆွေပါတီများ ပူးပေါင်းသည့်နေ့က ထုတ်ပြန်ခဲ့သော ကြေညာချက်တွင် ဒီမိုကရေစီ မိတ်ဆွေပါတီများအနေဖြင့် အမျိုးသား လွှတ်တော် ကိုယ်စားလှယ်လောင်း ၆၈ ဦး၊ ပြည်သူ့လွှတ်တော် ကိုယ်စားလှယ်လောင်း ၁၇၆ ဦး၊ တိုင်းဒေသကြီးနှင့် ပြည်နယ် လွှတ်တော် ကိုယ်စားလှယ်လောင်း ၁၅၂ ဦး၊ စုစုပေါင်း ၃၉၆ ဦး ၀င်ရောက် ယှဉ်ပြိုင်သွားမည် ဖြစ်ကြောင်း ဖော်ပြ ထားသည်။

ရွေးကောက်ပွဲကို သပိတ်မှောက်ခြင်းသည် အကျိုးမရှိ၍ ဒီမိုကရေစီ မိတ်ဆွေပါတီများကို မဲပေးကြရန်၊ ရွေးကောက်ပွဲလွန် ကာလတွင်လည်း ဥပဒေပြုရေးဆိုင်ရာ လုပ်ငန်းများကို အတူပူးပေါင်း ဆောင်ရွက်သွားကြရန်လည်း ကြေညာချက်တွင် ပါဝင် သည်။

ဒီမိုကရေစီ မိတ်ဆွေပါတီများမှာ ပြည်ထောင်စုဒီမိုကရေစီပါတီ (UDP)၊ NDF ၊ ရခိုင်တိုင်းရင်းသားများ တိုးတက်ရေးပါတီ (RNDP)၊ ရှမ်းတိုင်းရင်းသားများ ဒီမိုကရက်တစ်ပါတီ (SNDP)၊ ချင်းအမျိုးသား ပါတီနှင့် ယခု နုတ်ထွက်လိုက်သော ဒီငြိမ်းပါတီ တို့ဖြစ်သည်။

Last Updated ( Wednesday, 13 October 2010 11:11 )
 

ကြံ့ဖွံ့ ကိုယ်စားလှယ်လောင်း ကြော်ငြာဆိုင်းဘုတ်များ စထူ

E-mail Print
ပြည်ထောင်စု ကြံ့ခိုင်ရေးနှင့် ဖွံ့ဖြိုးရေးပါတီ (ကြံ့ဖွံ့ပါတီ) က တနိုင်ငံလုံး အတိုင်းအတာဖြင့် ပါတီ ကိုယ်စားပြု ၀င်ရောက် ယှဉ်ပြိုင်မည့် လွှတ်တော် ကိုယ်စားလှယ်လောင်း မိတ်ဆက် ကြော်ငြာ ဆိုင်းဘုတ်ကြီးများကို
Read more...
 
Page 10 of 47
ads-Distribution-of-Constituencies
ads-members

ဆန္ဒသဘောထား

နိုဝင်ဘာလ ၇ ရက်နေ့တွင် ကျင်းပမည့် ရွေးကောက်ပွဲကို သင် မဲပေးမည်လား၊ သပိတ်မှောက်မည်လား။
 

သူတို့ပြောသမျှ

mm-nyan-win“နိုဝင်ဘာလမှာ သူ (ဒေါ်အောင်ဆန်းစုကြည်) ရဲ့ ပြစ်ဒဏ်ကာလ ကုန်ဆုံးချိန်မှာ ချမှတ်ထားတဲ့ပြစ်ဒဏ်ကို သူခံယူပြီး ဖြစ်ပါ လိမ့်မယ်။ ဒီကိစ္စအပေါ် အငြင်းပွားစရာ မရှိပါဘူး” — စစ်အစိုးရ နိုင်ငံခြားရေးဝန်ကြီး ဦးဉာဏ်ဝင်း