Burma Election 2010

Home ကောက်နှုတ်ချက်

ကောက်နုတ်ချက်



၂၀၀၈ ခုနှစ်ဖွဲ့စည်းပုံအခြေခံဥပဒေ

E-mail Print
၂၀၀၈ ခုနှစ်ဖွဲ့စည်းပုံအခြေခံဥပဒေ

ပုဒ်မ ၂၆ (က) - နိုင်ငံ့ဝန်ထမ်းများသည် ပါတီနိုင်ငံရေးနှင့်ကင်းရှင်းရမည်။
ပုဒ်မ ၁၂၁ - အောက်ပါပုဂ္ဂိုလ်များသည် ပြည်သူ့လွှတ်တော်ကိုယ်စားလှယ်အဖြစ် ရွေးကောက်တင်မြှောက် ပိုင်ခွင့်မရှိစေရ -
          (ည) နိုင်ငံ့ဝန်ထမ်း
Last Updated ( Friday, 07 May 2010 12:28 ) Read more...
 

အမျိုးသား ဒီမိုကရေစီ အဖွဲ့ချုပ် ပါတီမှတ်ပုံ တင်ရေးကို ကန့်ကွက်သော ဒေါ်အောင်ဆန်းစုကြည် ပြောကြားသည့် အချက် (၆) ချက်

E-mail Print
၁။ ၂၀၀၈ ဖွဲ့စည်းပုံ အခြေခံ ဥပဒေကို လုံးဝ လက်မခံနိုင်ပါ။ အဖွဲ့ ချုပ်၏ ရွှေဂုံတိုင် ကြေညာချက်ကို ကိုင်စွဲထားရမည်။

၂။ တရား မျှတမှု မရှိသော၊ တစ်ဘက်သတ် ရေးဆွဲထားသည့် ဥပဒေအရ မှတ်ပုံတင်ခြင်းကို လုံးဝ လက်မခံနိုင်ပါ။ ဥပဒေပါ စည်းကမ်းချက်များမှာ ဒီမိုကရေစီနည်းလမ်း မကျပါ။

၃။ အမျိုးသား ဒီမိုကရေစီ အဖွဲ့ ချုပ်သည် ကျမ၏ ကိုယ်ပိုင်ပစ္စည်း မဟုတ်၊ မည်သူ တစ်ဦး တစ်ယောက်၏ ကိုယ်ပိုင်ပစ္စည်းလည်း မဟုတ်ပါ။

၎။ အဖွဲ့ ချုပ် အတွင်း လူမွေးသည့်အလုပ်၊ လူမွေးသည်ဟု ယူဆနိုင်သည့် အလုပ်များ လုံးဝ မကြိုက်ပါ၊ လက်မခံနိုင်ပါ။

၅။ ပြည်သူလူထုကို ပြောကြားလိုတာက မိမိတတ်နိုင်သလောက် ဒီမိုကရေစီရရှိရေး ကြိုးပမ်းမှုကို ဆက်လက် ဆောင်ရွက်သွားပါ။

၆။ အဖွဲ့ချုပ် ဖျက်သိမ်းခံရလျှင် အဖွဲ့ချုပ် ပျက်စီးသည်ဟု မယူဆ၊ ပျက်စီးခြင်း မဟုတ်ပါ။
 

ပြည်ထောင်စု ရွေးကောက်ပွဲ ကော်မရှင် ဥပဒေ

E-mail Print
ပြည်ထောင်စု ရွေးကောက်ပွဲ ကော်မရှင် ဥပဒေ

ကော်မရှင်၏တာဝန်နှင့်လုပ်ပိုင်ခွင့်များမှာ - နိုင်ငံရေးပါတီများကို ဥပဒေနှင့်အညီဆောင်ရွက်စေရန် ကြီးကြပ်ခြင်း၊ ကြီးကြပ်စေ ခြင်းနှင့် လမ်းညွှန်ခြင်း တို့ဖြစ်သည်။
အခန်း (၃) ၊ ပုဒ်မ ၈ (ဋ)

နိုင်ငံရေးပါတီများ မှတ်ပုံတင်ခြင်း ဥပဒေ

ကော်မရှင်သည် ပါတီများကို တည်ဆဲဥပဒေ၊ နည်းဥပဒေများ၊ လုပ်ထုံးလုပ်နည်းများ၊ အမိန့်ကြော်ငြာစာ၊ အမိန့်၊ ညွှန်ကြားချက် များနှင့်အညီ ဆောင်ရွက်စေရန် ကြီးကြပ်နိုင်သည်။ ကော်မရှင်အဖွဲ့ခွဲ အဆင့်ဆင့်အား ကော်မရှင်ကိုယ်စား ကြီးကြပ်ရန် တာဝန်ပေးအပ်နိုင်သည်။
အခန်း (၅) ၊ ပုဒ်မ ၂၃

ပါတီတခု၏ ပါတီတွင်းကိစ္စရပ်များနှင့် စပ်လျဉ်း၍ တစ်ဦးဦးက ကော်မရှင်သို့ တင်ပြတိုင်ကြားလာပါက ကော်မရှင်သည် စုံစမ်း စစ်ဆေး၍ လိုအပ်လျှင် နိုင်ငံတော်၏ အကျိုးငှာ ထိုပါတီအား လိုက်နာဆောင်ရွက်ရ မည့် အချက်များကို အချိန်ကာလ သတ်မှတ်၍ ညွှန်ကြားနိုင်သည်။
အခန်း (၅) ၊ ပုဒ်မ ၂၄ (ခ)
 

နိုင်ငံရေးပါတီများ မှတ်ပုံတင်ခြင်းဥပဒေ (၂ /၂၀၁၀)

E-mail Print
နိုင်ငံရေးပါတီ ဆိုသည်မှာ စစ်မှန်၍ စည်းကမ်း ပြည့်ဝသည့် ပါတီစုံ ဒီမိုကရေစီ စနစ်ကို ယုံကြည် လက်ခံ၍ နိုင်ငံရေး ၀ါဒ သဘော တရား တရပ် အပေါ်တွင် အခြေခံပြီး မိမိတို့၏ လုပ်ငန်း စဉ်များကို အကောင် အထည်ဖော် ဆောင်ရွက်နိုင်ရန် ကော်မရှင်က ဤ ဥပဒေအရ တည်ထောင်ခွင့် ပြုထားသော အဖွဲ့အစည်းကို ဆိုသည်။

- အခန်း (၁) ၊ ပုဒ်မ ၂ (ဃ)
 
ads-Distribution-of-Constituencies
ads-members

ဆန္ဒသဘောထား

နိုဝင်ဘာလ ၇ ရက်နေ့တွင် ကျင်းပမည့် ရွေးကောက်ပွဲကို သင် မဲပေးမည်လား၊ သပိတ်မှောက်မည်လား။
 

သူတို့ပြောသမျှ

mm-nyan-win“နိုဝင်ဘာလမှာ သူ (ဒေါ်အောင်ဆန်းစုကြည်) ရဲ့ ပြစ်ဒဏ်ကာလ ကုန်ဆုံးချိန်မှာ ချမှတ်ထားတဲ့ပြစ်ဒဏ်ကို သူခံယူပြီး ဖြစ်ပါ လိမ့်မယ်။ ဒီကိစ္စအပေါ် အငြင်းပွားစရာ မရှိပါဘူး” — စစ်အစိုးရ နိုင်ငံခြားရေးဝန်ကြီး ဦးဉာဏ်ဝင်း