Burma Election 2010

Home အင်တာဗျူး

အင်တာဗျူး

မွန်တွေရဲ့နိုင်ငံရေးရပိုင်ခွင့်ကို ဒီမိုကရေစီနည်းနဲ့ ရယူမယ်

E-mail Print
၂၀၁၀ ရွေးကောက်ပွဲတွင် ၀င်ရောက် ယှဉ်ပြိုင်ရန် မကြာသေးမီက ဖွဲ့စည်း တည်ထောင်လိုက်သော မွန်ပြည်နယ် မော်လမြိုင်မြို့အခြေစိုက် မွန်ဒေသလုံး ဆိုင်ရာ ဒီမိုကရေစီ ပါတီ(All Mon Region Democracy Party)၏ နိုင်ငံရေး ဦးတည်ချက်၊ ရည်မှန်းချက်များ အပါအ၀င်
Read more...
 

“ဒေါ်အောင်ဆန်းစုကြည်ဟာ ကျနော်တို့ အမြဲတမ်း လေးစားနေရတဲ့ ခေါင်းဆောင် တယောက်ပါ”

E-mail Print
ဒေါက်တာ သန်းငြိမ်းသည် ၁၉၅၆ ခုနှစ် ဟယ်ရီတန် အရေး အခင်းတွင် ပါဝင် လှုပ်ရှားခဲ့ပြီး ၁၉၆၃ ခုနှစ်တွင် ဆေးတက္ကသိုလ်မှ ဘွဲ့ရခဲ့သည်။ ၁၉၈၈ ခုနှစ် အရေး အခင်းတွင် ပါဝင်ခဲ့ သောကြောင့် အစိုးရ
Last Updated ( Friday, 30 July 2010 06:30 ) Read more...
 

“ကျနော်တို့ပါတီကိုပဲ ကွက်ချန်မထားဘူး ထင်ပါတယ်”

E-mail Print
ကချင်ပြည်နယ် မြစ်ကြီးနားမြို့ အခြေစိုက် ကချင်ပြည်နယ် တိုးတက်ရေး ပါတီ (KSPP) ကို ၂၀၀၉ ခုနှစ် မတ်လတွင် စတင် ဖွဲ့စည်းခဲ့ပြီး နိုင်ငံရေး ပါတီအဖြစ် မှတ်ပုံ တင်ခွင့်ရရန် ရွေးကောက်ပွဲ ကော်မရှင်တွင် လျှောက်လွှာ တင်ခဲ့သည်။
Read more...
 

ဒီမိုကရေစီရရှိရေးအတွက် နိုင်ငံရေးပါတီ ရှိဖို့လိုအပ်တယ်

E-mail Print
အမျိုးသား ဒီမိုကရေစီ အဖွဲ့ချုပ်(NLD)၏ ပါတီ ဆက်လက် မှတ်ပုံမတင်ရေးကို သဘောမတူသည့် NLD ခေါင်းဆောင် တချို့ က အမျိုးသား ဒီမိုကရေစီ အင်အားစု(NDF)အမည်ဖြင့် ပါတီသစ်တခု ဖွဲ့စည်းခဲ့ကြသည်။
Last Updated ( Wednesday, 09 June 2010 07:01 ) Read more...
 

“လူထုကို ဘယ်တော့မှ ကျောခိုင်းမသွားပါဘူး”

E-mail Print
အမျိုးသား ဒီမိုကရေစီ အဖွဲ့ချုပ်(NLD) ဒုတိယ ဥက္ကဋ္ဌ ကာကွယ်ရေး ဦးစီးချုပ် ဗိုလ်ချုပ်ကြီးဟောင်း ဦးတင်ဦး ၏ နိုင်ငံရေး ဖြတ်သန်းခဲ့မှုများ၊ ပါတီ မှတ်ပုံ ဆက်မတင်ရန် ဆုံးဖြတ်ပြီးနောက် NLD ၏ အခြေအနေ၊ NLD ဆက်လက်ရပ်တည် သွားမည့် အနေအထားများကို ဧရာဝတီက မေးမြန်းထားပါသည်။
Read more...
 

“နိုင်ငံရေးလမ်းက နည်းနည်း ပွင့်လာပြီ”

E-mail Print
ကချင်ပြည်နယ် တိုးတက်ရေး ပါတီ (KSPP) သည် တနလာင်္နေ့က နိုင်ငံရေး ပါတီအဖြစ် မှတ်ပုံ တင်ခွင့်ရရန် ရွေးကောက်ပွဲ ကော်မရှင်တွင် လျှောက်လွှာ တင်ခဲ့သည်။

မြစ်ကြီးနားမြို့ အခြေစိုက် KSPP ပါတီသည် ၂၀၀၉ ခုနှစ် မတ်လတွင် စတင် ဖွဲ့စည်းခဲ့ခြင်း ဖြစ်သည်။ ထိုပါတီတွင် စစ်အစိုးရ နှင့် အပစ်အခတ် ရပ်စဲထားသည့်  KIO ခေါ် ကချင်လွတ်မြောက်ရေးအဖွဲ့မှ ခေါင်းဆောင်ဟောင်းတချို့လည်း ပါဝင်သည်။

ဧရာဝတီ သတင်းထောက် စောရန်နိုင်က KSPP ပါတီ၏ ခေါင်းဆောင် တဦးဖြစ်သူ ဒေါက်တာ မနန် တူးဂျာကို ဆက်သွယ်ပြီး ၎င်းတို့၏ ပါတီ အကြောင်းနှင့် ကချင် ပြည်နယ်ရှိ အခြေ အနေများကို မေးမြန်း ထားပါသည်။

ဒေါက်တာ မနန် တူးဂျာသည် KIO တွင် ဒုတိယ ဥက္ကဋ္ဌအဖြစ် တာဝန်ယူခဲ့သူဖြစ်သည်။

မေး ။    ။ KSPP ပါတီ မှတ်ပုံတင်ပြီးရင် ဘာတွေ လှုပ်ရှားမှု လုပ်မလဲ။

ဖြေ ။    ။ ကချင်ပြည်နယ် အတွင်းမှာ မြို့နယ် အလိုက် ကျနော်တို့က ကချင်စည်းရုံးရေး ကော်မတီ ဖွဲ့စည်းထားတယ်။ အဲဒီတော့ ကျနော်တို့ မြို့နယ် စည်းရုံးရေး ဆင်းမှာပါ။

မေး ။    ။ ဒီကချင်ပြည်နယ် ထဲမှာပဲလား။ တခြား နေရာတွေမှာရော စည်းရုံးရေး ဆင်းမလား။

ဖြေ ။    ။ အခု ကျနော်တို့  လှုပ်ရှား ခွင်ကတော့ ဒီ ကချင်ပြည်နယ်ထဲမှာပါ။

မေး ။    ။ KSPP ပါတီရဲ့ မူဝါဒတွေကို ပြောပြပါ။

ဖြေ ။    ။ ကျနော်တို့က ဒီမိုကရေစီ ထွန်းကားလာဖို့ ပါတီစုံစနစ်ကို ထောက်ခံတယ်၊ အားပေးတယ်။ နောက်ပြီး ဒီမိုကရေစီ ထွန်းကားလာဖို့ လောကပါလ တရားသုံးပါး ထွန်းကားလာဖို့ ထောက်ခံတယ်။ အလယ်အလတ်ကျတဲ့ ဒီမိုကရေစီပုံစံ မျိုးပေါ့။ Liberal ပေါ့။ နောက်ပြီး ကိုယ့်ပြည်နယ် ကိုယ့်ဒေသကို တိုးတက်စေချင်တယ်။ ပြည်နယ်တွေ တိုးတက်လာရင် ပြည်ထောင်စုလည်း တိုးတက်လာမယ်။ ဒါကြောင့် ကိုယ်လုပ်နိုင်သလောက်ပေါ့၊ အခု နိုင်ငံရေးလမ်းက နည်းနည်း ပွင့်လာပြီ။ ဒီပွင့်လာတဲ့လမ်း အပေါ်မှာ ကျနော်တို့က လျှောက်ပြီး လက်တွေ့ကျကျ လုပ်နိုင်သလောက် လုပ်ဆောင်ချင်တဲ့ ဆန္ဒပေါ့။

ကချင်ပြည်နယ်သားများရဲ့ ပညာရေး၊ ကျန်းမာရေး၊ စီးပွားရေး၊ လူမှုရေး အ၀၀၊ ဘာသာရေး၊ ယဉ်ကျေးမှု စာပေ ဒါတွေကိုလည်း ထိန်းသိမ်း ကာကွယ် စောင့်ရှောက်သွားရမယ်။ ငြိမ်းချမ်းရေး၊ စည်းလုံးညီညွတ်ရေး၊ ဒေသဖွံ့ဖြိုးရေး၊ ပတ်ဝန်းကျင် ထိန်းသိမ်းရေး၊ နောက်ပြီး လူ့အခွင့်အရေး အလေးထားရေး ဒါတွေပါတာပေါ့။ ကျနော်တို့က  ကချင် ပြည်နယ်သားများ အားလုံး ကိုယ်စားပြုဖို့ ဖြစ်တယ်။ နောက်ပြီးတော့ အမျိုးဘာသာ မခွဲခြားဘဲ ဒီပါတီမှာ ပါဝင်နိုင်တယ်။

မေး ။    ။ ကချင် ပြည်နယ်မှာပဲ ၀င်ပြိုင်မလား။

ဖြေ ။    ။ အခု ကျနော်တို့က ကချင်ပြည်နယ် အတွင်းမှာ ဖွင့်မယ့် ဒီမဲဆန္ဒနယ်မှာ ကျနော်တို့ ၀င်ပြိုင်မယ်။ ၀င်ပြိုင်တဲ့ အခါကျရင်တော့ လွှတ်တော် သုံးရပ်မှာ ၀င်ပြိုင်မယ်။ ပြည်သူ့လွှတ်တော်၊ အမျိုးသားလွှတ်တော်နဲ့ ပြည်နယ်လွှတ်တော်မှာ။

မေး ။   ။ ဘယ်နှစ်နေရာလောက် နိုင်မယ်လို့ မှန်းထားလဲ။

ဖြေ ။    ။ အဲဒါကတော့ အတိအကျ ပြောလို့မရဘူး။  မဲဆန္ဒနယ် အားလုံးမှာ ၀င်ရောက် ယှဉ်ပြိုင်နိုင်ဖို့ စဉ်းစား ထားပါတယ်။ အဲဒါကတော့ လက်တွေ့ကျကျ ဘယ်လို ဖြစ်လာမလဲဆိုတာ အချိန်ရောက်မှ သိမယ်။  ကျနော်တို့ကလည်း နိုင်မှာပါ။ ဘာကြောင့်လဲ ဆိုတော့ ပြည်နယ်သားတွေ အားလုံး တိုးတက်စေချင်တဲ့ လူတွေချည်းပဲ။ တိုးတက်အောင် လုပ်မယ် ဆိုရင်တော့ သူတို့ ထောက်ခံကြမှာပဲ။

မေး ။    ။ အခု ပါတီ ကော်မတီဝင် ဘယ်လောက်ရှိလဲ၊ နောက်ပြီး ပါတီဝင်ပေါင်း ဘယ်လောက် ရှိပြီလဲ။

ဖြေ ။    ။ အခု ကျနော်တို့ မှတ်ပုံတင်ရေး ကိစ္စက မြို့နယ်ကိုယ်စားလှယ်တွေ မြို့နယ်စည်းရုံးရေး ကော်မတီက ထိပ်ပိုင်းက ပုဂ္ဂိုလ်တွေနဲ့ ဗဟိုက လူတွေ ပေါင်းပြီးတော့ စည်းဝေးပွဲ တရပ် ကျင်းပတယ်။ အဲဒီမှာတော့ ဒေသ အားလုံးက လာရောက်ကြတယ်။ တိုင်းရင်းသားထဲက ရှမ်းတို့၊ ဗမာတို့လည်း တက်ရောက်တယ်။ အားလုံး ၁၅၀ ပေါ့။ ၁၅၀ နဲ့ ကျနော်တို့ ဗဟိုကော်မတီ ဖွဲ့စည်းတယ်၊ အလုပ်အမှုဆောင် ဖွဲ့စည်းတယ်။ ကျနော်တို့ စာရင်းကောက်ထားတာ ပါတီဝင် အားလုံး ၃၀၀၀ လောက်ရှိတယ်။ ကိန်းဂဏန်းက တိုးဖို့ပဲရှိတယ် လျော့ဖို့တော့ သိပ်မရှိဘူး။

မေး ။   ။ အမျိုးသား ဒီမိုကရေစီ အဖွဲ့ချုပ် (NLD) က ရွေးကောက်ပွဲ ကော်မရှင်မှာ မှတ်ပုံ မတင်ဖို့ ဆုံးဖြတ်လိုက်တဲ့ အပေါ် ဘယ်လို မြင်လဲ။

ဖြေ ။   ။ ပါတီတွေက မိမိရဲ့ သဘောထား ခံယူချက်နဲ့ ကိုယ်ပိုင် ဆုံးဖြတ်ချက်နဲ့ သွားကြတာကိုး။ ကျနော်တို့ကတော့  ပါတီ ဖွဲ့စည်းနိုင်ဖို့နဲ့ ရွေးကောက်ပွဲဝင် နိုင်ဖို့ကို အဓိက ထားတာပဲ။ အဲဒီလို လုပ်နိုင်မှပဲ ရှေ့ဆက် နိုင်ငံရေးကို လှုပ်ရှားသွားလို့ ရမှာ။

မေး ။    ။ NLD ကို ဘယ်လို လှုပ်ရှားစေချင်လဲ။

ဖြေ ။    ။  ရွေးကောက်ပွဲ ၀င်ရောက် ယှဉ်ပြိုင်နိုင်ရင်တော့ ကောင်းတယ် လို့ပဲ ပြောချင်တယ်။ ဒါကတော့ ကိုယ်ပိုင် ဆုံးဖြတ်ချက်ပေါ့။ ဒီထက် ပိုပြီးတော့လည်း မပြောနိုင်ဘူး။

မေး ။    ။ KIO က နယ်ခြားစောင့်တပ် ဖွဲ့ဖို့ ကိစ္စကို လက်မခံဘူး ဆိုတော့ စစ်ရေးအရ အရေးယူလာ နိုင်တယ်လို့ ထင်လား။

ဖြေ ။    ။ အဲဒါလည်း အတိအကျ ပြောလို့ မရပါဘူး။ အစိုးရကလည်း ငြိမ်းချမ်းရေး အတွက် ဆက်လက် ဆွေးနွေးချင်တဲ့ ဆန္ဒ အပြည့် အ၀ ရှိတယ် ကျနော်တို့က ခန့်မှန်းလို့ ရတယ်။

မေး ။    ။ မြစ်ဆုံမှာ ဆောက်မယ့် ရေကာတာ ကိစ္စကိုရော ဘယ်လို မြင်လဲ။

ဖြေ ။    ။ အဲဒါကလည်း ပြောနေကြတာပဲ။ ပြည်သူတွေရဲ့ အသံတွေကတော့ ကြားနေရတာပဲ။ အစိုးရကလည်း သူတို့ စီမံကိန်းကို ဆက်လုပ်နေတယ်။ အဲဒါ လုပ်မယ် ဆိုရင်လည်း ပြည်သူတွေ ဒုက္ခ မရောက်အောင် လုပ်ကြရမှာပဲ။
 

၂၀၀၈ အခြေခံဥပဒေကို ကျနော်တို့ လက်ခံတယ်

E-mail Print
အဓိက နိုင်ငံရေး အဖွဲ့ကြီးများက ၂၀၁၀ ရွေးကောက်ပွဲကို ဆန့်ကျင် နေချိန်တွင် ထိုရွေးကောက်ပွဲတွင် ပါဝင် ယှဉ်ပြိုင်လိုသူ များလည်း ရှိနေသည်။ ရွေးကောက်ပွဲ ၀င်လိုသူများ ထဲတွင် အမျိုးသား နိုင်ငံရေး မဟာမိတ်များ အဖွဲ့ချုပ်လည်း ပါဝင်သည်။ ဧရာဝတီ သတင်းထောက် စောရန်နိုင်က ထိုအဖွဲ့မှ ခေါင်းဆောင်တဦး ဖြစ်သူ ရန်ကုန်မြို့မှ ဦးအုန်းလွင်ကို ဆက်သွယ် မေးမြန်းထားပါသည်။

မေး။     ။ ဦးအုန်းလွင်တို့ရဲ့ နိုင်ငံရေး လှုပ်ရှားမှု အကြောင်း နည်းနည်း ပြောပြပါ။

ဖြေ။   ။ ၂၀၀၇ ကတည်းက ကျနော်တို့ စပြီးတော့ စီးပွားရေး ပိတ်ဆို့မှု ဆန့်ကျင်ရေး၊ ဖွဲစည်းပုံ အခြေခံ ဥပဒေ ပေါ်ပေါက်ရေး၊ နောက် ပြည်လုံးကျွတ် ဆန္ဒခံယူပွဲ အောင်မြင်ရေး ဆိုတဲ့ campaign (လှုပ်ရှားမှု) တွေ ဆောင်ရွက် ခဲ့တယ်။ အခုလည်း ရွေးကောက်ပွဲ အောင်မြင်ရေး ပေါ့ဗျာ။ ကျနော်တို့ campaign က။ အဲဒီတော့ ကျနော်တို့ပါ ပါဝင်ရွေးချယ် ခံမယ်ပေါ့။

မေး။     ။ အမျိုးသား နိုင်ငံရေး မဟာမိတ်များ အဖွဲ့ချုပ် ဘယ်အဖွဲ့တွေ ပါသလဲ။

ဖြေ။   ။  အရင်တုန်းက အဖွဲ့  ၉ ဖွဲ့ ပေါ့ဗျာ။ ၉ ဖွဲ့မှာ ၀ံသာနု (NLD)က မန္တလေးမှာ အခြေစိုက်ပြီးတော့ သပ်သပ် ၀င်မယ်။  အမျိုးသား အင်အားစု (ရခိုင်ပြည်နယ်) ကလည်း ရခိုင်မှာ သူတို့က အခြေစိုက်ပြီးတော့ ရွေးကောက်ပွဲဝင်မယ်။ နောက်တခါ ဒီမို NLD စစ်ကိုင်းတိုင်း ဆိုတာရယ်၊ နောက်ပြီး သုသေသနပြု ကျောင်းတော်သား ဦးလှမြင့် ဆိုတာရယ် သူတို့ ၂ခု ပေါင်းပြီးတော့ ပါတီ ထောင်မယ်။

အားလုံး ၉ ဖွဲ့က နေပြီးတော့ ၄ ဖွဲ့က အဲဒီလို သီးသန့် သွားမယ် ဆိုတော့  ကျနော်တို့ကတော့ အခု လောလောဆယ် အဖွဲ့ ၅ ဖွဲ့ အမျိုးသား နိုင်ငံရေး မဟာမိတ်များ အဖွဲ့ချုပ် ဆိုပြီးတော့ ၀င်ပြိုင်မှာပါ။

မေး။   ။ ပါတီဝင် အရေအတွက် ဘယ်လောက် လောက်ရှိလဲ။

ဖြေ။   ။ ပထမမှာ ကျနော်တို့ ပါတီဝင်ပေါင်း ၃သိန်းကျော်ရှိတယ်။ အခုတော့ ရခိုင်က ၂သိန်းကျော်လောက်ရှိတယ်။ အဲဒီတော့ သူတို့က သီးသန့်ဝင်မယ် ဆိုတော့ ကျနော်တို့က ၁ သိန်းကျော် လောက်ရှိတယ်။

မေး။    ။ ပါတီ ရန်ပုံငွေကို ဘယ်လိုရှာမလဲ။ 

ဖြေ။    ။ အဖွဲ့ဝင် တယောက် တရာစီပဲ ထည့်ဦး သိန်း ၁၀၀ လောက် ရမှာပေါ့။

မေး။   ။ ရွေးကောက်ပွဲမှာ မဲဆန္ဒနယ် ဘယ်နှစ်နေရာလောက် နိုင်မယ်လို့ ယူဆလဲ။

ဖြေ။   ။ ကျနော်တို့ မှန်းထားတဲ့ ၂၀ လောက်ကတော့ ရလိမ့်မယ်လို့ ကျနော်တို့ မျှော်မှန်းထားတယ်။

မေး။   ။ ပါတီ မူဝါဒက ဘယ်လိုရှိလဲ။

ဖြေ။    ။ (၂၀၀၈) constitution (အခြေခံဥပဒေ) ကို ကျနော်တို့ က လက်ခံတယ်။ ယုံကြည်တယ်။ ဒီအပေါ်မှာ အခြေခံပြီးတော့ ကျနော်တို့ ပေါ်လစီကို ရေးဆွဲတယ်။ National Interest (ပြည်သူ့ အကျိုးစီးပွား) က ကျနော်တို့ရဲ့ ပေတံပဲ။ အဲဒီ ပေတံနဲ့ ကိုက်မကိုက်  လွှတ်တော်ထဲ ရောက်ရင် တိုင်းမှာပဲ။  မကိုက်ရင် ကျနော်တို့ ကန့်ကွက်တယ်။ ကိုက်ရင် ကျနော်တို့က ထောက်ခံတယ်။ NLD ကပဲ လုပ်လုပ်၊ စစ်တပ်ကပဲ လုပ်လုပ်၊  တစည ကပဲ လုပ်လုပ် ဒီပေတံနဲ့ ကိုက်ရင် ကျနော်တို့ ထောက်ခံမယ်။ ဒီပေတံကို ဖျက်ဆီးရင် ကျနော်တို့ ကန့်ကွက်မယ်။

မေး။    ။ ပါတီ အလံက ဘယ်လိုလဲ။

ဖြေ။    ။ ကျနော်တို့ အလံက အပြာရောင် နောက်ခံ၊ အလယ်မှာ စက်ဝိုင်းကြီး တခု ဆွဲထားပါတယ်။ စက်ဝိုင်းက constitution ပေါ့။ အဲဒီ constitution အထဲမှာ ကြယ်ဖြူကြီး တလုံးဆွဲထားတယ်။  ကြယ်ဖြူ ဆိုတာကလည်း နည်းပေးလမ်းပြ၊ အလင်းရောင် ပေးတယ်။ နောက်ပြီး တသွေးတည်း တသားတည်းရှိတဲ့ ပြည်ထောင်စု စနစ်ကြီးကို ကျနော်တို့ ယုံကြည်တယ်။

မေး။    ။ အမျိုးသား ဒီမိုကရေစီ အဖွဲ့ချုပ် (NLD) ဗဟိုဦးစီးအဖွဲ့ဝင်တွေ တွေ့ဆုံပြီး ရွေးကောက်ပွဲ မ၀င်ဘူးလို့ မကြာသေးခင်က ဆုံးဖြတ်လိုက်တဲ့ အပေါ် ဦးအုန်းလွင်တို့ အမြင် ဘယ်လိုရှိလဲ။

ဖြေ။    ။ ကျနော်တို့က All Inclusive (အားလုံး ပါဝင်နိုင်မှု) ကို လက်ခံတယ်။ နောက်ပြီး အနှစ် ၂၀ လုံးလုံး ဒုက္ခတွေ ခံလာကြတဲ့ NLD လည်း ပါစေချင်တယ်။ အခု ဖြစ်သွားတဲ့ ကိစ္စကတော့ ပုဂ္ဂိုလ်ရေးနဲ့ ဆိုင်တယ်လို့ ကျနော်မြင်တယ်။ လူအားလုံးက ဒီသဘောထား မဟုတ်သေးဘူး။ အဲဒီတော့ သူတို့က ကျနော်တို့ မြန်မာနိုင်ငံရဲ့ ပကတိ အရှိတရား အပေါ်မှာ ဘယ်သူမှ လွန်ဆန်လို့ မရဘူး။ အဲဒီပေါ်မှာ ပြန်စဉ်းစားကြရင် ရွေးကောက်ပွဲ ၀င်ဖို့ ပြန် လည်လာလိမ့်မယ်လို့ ကျနော်တို့ ယုံကြည်တယ်ဗျာ။

မေး။     ။ အကယ်၍ ဦးအုန်းလွင်တို့ရဲ့ ပါတီ ရွေးကောက်ပွဲ နိုင်ခဲ့မယ် ဆိုရင် နိုင်ငံရေး၊ စီးပွားရေး၊ လူမှုရေးတို့ကို ဘယ်လို ပြန်ပြီး ပျိုးထောင်မလဲ။

ဖြေ။     ။ အခုဟာက စစ်အုပ်ချုပ်ရေးဗျ၊  ရှင်းရှင်းပြောရရင် စစ်တပ်ကပဲ လက်ဝါးကြီး အုပ်ထားတဲ့ စီးပွားရေးပဲ ဖြစ်မှာပဲ။ ဒါက သဘာဝပဲ။ နောက်ပိုင်း အစိုးရသစ် ပေါ်လာတဲ့ အခါကျရင် ဒီဟာမျိုးကို ကျနော်တို့ အဖြစ်မခံဘူး။ အဲဒီတော့မှ ပုဂ္ဂလိကပိုင်း ပေါ်လာအောင် ကြိုးစားကြတာပေါ့။ ကျနော်တို့ တိုင်းပြည်က တောင်သူ လယ်သမားတွေ အင်အား အများဆုံး ဖြစ်တယ်။  တောင်သူ လယ်သမားတွေ ဘ၀ မြင့်အောင် လုပ်ရင်ပဲ ကျနော်တို့ တိုင်းပြည်က တကယ့်ကို ဖွံ့ဖြိုး တိုးတက်တဲ့ တိုင်းပြည် ဖြစ်လာမယ်။ မျိုးကောင်း မျိုးသန့်တွေ လိုတယ်ဗျာ၊ စိုက်ပျိုးရေး စနစ်တွေ ပြောင်းရမယ်၊ စက်ကိရိယာတွေ ၀ယ်ရမယ်။ အဲဒါတွေကို ကျနော်တို့ အဓိက အားပေးကြရမှာပဲ။ ကမ္ဘာ့ ဈေးကွက်ဝင် သီးနှံတွေ စိုက်ဖို့ လုပ်ရမယ်။ တောင်သူ လယ်သမားတွေရဲ့ အခန်းကဏ္ဍကို အဓိက ဦးစားပေး လုပ်ရမှာပဲ။

မေး။   ။ ပါတီက ဘယ်မှာ အခြေစိုက်မလဲ။

ဖြေ။   ။ အစုံပေါ့ဗျာ။ မင်းဘူးက ဦးလှစိုး ဆိုရင် ဟိုတုန်းက NLD အမတ်ပဲ။ တောင်တွင်းကြီး ကိုသိန်းကြည်၊ တောင်တွင်းကြီး ဦးအောင်သန်းတင့်၊ မိတ္ထီလာ ကိုဝင်းဇော်၊ ဧရာဝတီက ကိုလှအောင် စသည်ဖြင့် နယ်စုံရှိတယ် ဆိုတော့ နယ်စုံကို တိုင်ပင်ပြီး လုပ်ကြတယ်။ ဌာနချုပ်က ရန်ကုန်မှာပဲ ထားမယ်။
 

ရွေးကောက်ပွဲနိုင်မယ်လို့ ယုံကြည်ပါတယ်

E-mail Print
တိုင်းရင်းသား စည်းလုံး ညီညွတ်ရေး ပါတီ (တစည) သည် နိုင်ငံရေး ပါတီအဖြစ် ဆက်လက် ရပ်တည်ရန် ရွေးကောက်ပွဲ ကော်မရှင်သို့ မတ်လ ၂၉ ရက်နေ့တွင် လျှောက်ထား ခဲ့သည်။
Read more...
 
Page 2 of 3
ads-Distribution-of-Constituencies
ads-members

ဆန္ဒသဘောထား

နိုဝင်ဘာလ ၇ ရက်နေ့တွင် ကျင်းပမည့် ရွေးကောက်ပွဲကို သင် မဲပေးမည်လား၊ သပိတ်မှောက်မည်လား။
 

သူတို့ပြောသမျှ

mm-nyan-win“နိုဝင်ဘာလမှာ သူ (ဒေါ်အောင်ဆန်းစုကြည်) ရဲ့ ပြစ်ဒဏ်ကာလ ကုန်ဆုံးချိန်မှာ ချမှတ်ထားတဲ့ပြစ်ဒဏ်ကို သူခံယူပြီး ဖြစ်ပါ လိမ့်မယ်။ ဒီကိစ္စအပေါ် အငြင်းပွားစရာ မရှိပါဘူး” — စစ်အစိုးရ နိုင်ငံခြားရေးဝန်ကြီး ဦးဉာဏ်ဝင်း