Burma Election 2010

Home နိုင်ငံရေးပါတီများ

နိုင်ငံရေးပါတီများ

နိုင်ငံရေးပါတီများ

E-mail Print
ပြည်ထောင်စု ရွေးကောက်ပွဲ ကော်မရှင်သည် နိုဝင်ဘာလ ၇ ရက်နေ့တွင် ကျင်းပမည့် ရွေးကောက်ပွဲတွင် ၀င်ရောက်ယှဉ်ပြိုင် ရန် နိုင်ငံရေးပါတီ ၃၇ ပါတီကို ခွင့်ပြုခဲ့ပြီး ထိုပါတီများ၏ စာရင်းကို ကြေညာချက်အမှတ် (၉၇/၂၀၁၀) ဖြင့် စက်တင်ဘာလ ၁၄ ရက် နေ့တွင် ထုတ်ပြန်ခဲ့သည်။ ထိုနေ့မှာပင် ရွေးကောက်ပွဲကော်မရှင်သည် တနိုင်ငံလုံးရှိ သက်ဆိုင်ရာရုံးခွဲများတွင် နိုင်ငံရေး ပါတီများမှ ၀င်ရောက်ယှဉ်ပြိုင်မည့် ကိုယ်စားလှယ်လောင်း စာရင်းများကို ကြေညာထားသည်။

အစပထမတွင် ရွေးကောက်ပွဲ ကော်မရှင်သို့ နိုင်ငံရေးပါတီအဖြစ် မှတ်ပုံတင်ခဲ့သော ပါတီပေါင်း ၄၇ ပါတီရှိသည်။ ၎င်းတို့ အထဲ မှ ၄၂ ပါတီကို ကော်မရှင်က မှတ်ပုံတင်ခွင့်ပြုခဲ့သည်။ နိုင်ငံရေးပါတီများ မှတ်ပုံတင်ခြင်းဥပဒေအရ နိုင်ငံရေးပါတီတခုသည် ရွေးကောက်ပွဲတွင် ကိုယ်စားလှယ်လောင်း အနည်းဆုံး ၃ ဦး ၀င်ပြိုင်ရန် လိုအပ်ပါသည်။ သို့မဟုတ်ပါက ပါတီ ဖျက်သိမ်းခံရ မည် ဖြစ်သည်။ သို့ရာတွင် မြန်မာ့လူ့ဘောင်သစ် ဒီမိုကရက်တစ်ပါတီ၊ ပြည်ထောင်စု ကရင်အမျိုးသားများ အဖွဲ့ချုပ်၊ မြန်မာ ဒီမိုကရေစီ ကွန်ဂရက်၊ မြို တိုင်းရင်းသားပါတီ နှင့် ဒေသဖွံ့ဖြိုးတိုးတက်ရေးပါတီ (ပြည်) တို့သည် ကိုယ်စားလှယ်လောင်း ၃ ဦး မပြိုင်နိုင်သည့်အတွက် ကော်မရှင်က ပါတီအဖြစ်မှ ဖျက်သိမ်းခဲ့သည်။

အောက်ဖော်ပြပါတို့မှာ လာမည့်ရွေးကောက်ပွဲတွင် ၀င်ရောက်ယှဉ်ပြိုင်မည့် နိုင်ငံရေးပါတီ ၃၇ ပါတီစာရင်းဖြစ်ပါသည်။ ဧရာ ၀တီက အဓိကပါတီ တချို့၏အချက်အလက်များကို ဖော်ပြထားပြီး ကျန်ရှိနေသေးသောပါတီများ၏ အချက်အလက်များကို လည်း ဆက်လက်ဖော်ပြသွားပါမည်။
Last Updated ( Wednesday, 22 September 2010 07:37 )
 

အမျိုးသား ဒီမိုကရေစီအင်အားစု

E-mail Print
01 02
ပါတီအလံ ပါတီအမှတ်တံဆိပ်
(၁) အမျိုးသား ဒီမိုကရေစီအင်အားစု
ပါတီခေါင်းဆောင် ဦးခင်မောင်ဆွေ၊ ဒေါက်တာသန်းငြိမ်း (အမျိုးသား ဒီမိုကရေစီအဖွဲ့ချုပ်၌ ဗဟိုအလုပ်အမှုဆောင်များ အဖြစ် တာဝန်ယူခဲ့)
ပါတီမဲဆန္ဒနယ် နိုင်ငံတဝန်း
ပါတီမူဝါဒ လုပ်ငန်းစဉ် တစ်ဦးချင်း ပုဂ္ဂလိက လွတ်လပ်ခွင့်ကို ဗဟိုရည်မှန်းချက် အဖြစ် သဘောထားသည်။ ထို့ကြောင့် ပုဂ္ဂလိက လုပ်ငန်းများ အဓိက ပါဝင်လျက် အစိုးရက ဆောင်ရွက်ပေးသော၊ ညှိနှိုင်း စီမံသော ဝန်ဆောင်မှု တချို့တို့ဖြင့် ပေါင်းစပ်ထားသော စီးပွားရေး ပုံစံကို ကျင့်သုံးရန် လက်ခံသည်။ ထို့အပြင် ပြည်သူ့ အခွင့်အရေး၊ နိုင်ငံသား အခွင့်အရေး၊ လူ့အခွင့် အရေးနှင့် ပြည်သူ့ လွတ်လပ်ခွင့် တို့ကိုလည်း ခံစားရရှိမည်ဟု ယုံကြည်သည်။ ပုဂ္ဂလိက လွတ်လပ်ခွင့်နှင့် ဈေးကွက် စီးပွားရေးကို အခြေခံကာ ပြည်သူအများ သက်သာ ချောင်ချိမှုကို ဦးတည်လျှက် အစိုးရက လိုအပ်သလို ကူညီ ထိန်းညှိပေးသော “လူမှုအခြေပြု လွတ်လပ်ခွင့်ဝါဒ (Social Liberalism)” ကို မြန်မာ့ ယဉ်ကျေးမှု လူနေမှုဘဝနှင့် လျော်ညီစွာ ကျင့်သုံးခြင်းအား အခြေခံ သဘောတရားများ အဖြစ် ခံယူသည်။ လူထုလူတန်းစား အဖွဲ့အစည်းများ ဖွဲ့စည်း၍ လည်းကောင်း၊ လူမှုရေး အဖွဲ့များမှ လည်းကောင်း ဒီမိုကရေစီနှင့် လူ့အခွင့်အရေး သဘောထားများကို ပြည်သူများအကြား တန်ဖိုးထား နားလည်ရေး မြှင့်တင်ဆောင်ရွက်မည်။
ဆက်သွယ်ရန် အမှတ် ၁၀၃၊ တိုက် ၃၊ ဒဂုံလွင်လမ်း၊ တာမွေမြို့နယ်၊ ရန်ကုန်။ ဖုန်း (+) ၉၅ ၁ ၅၅၁ ၆၅၄
 

ဒီမိုကရက်တစ်ပါတီ (မြန်မာနိုင်ငံ)

E-mail Print
03 04
ပါတီအလံ ပါတီအမှတ်တံဆိပ်
(၂) ဒီမိုကရက်တစ်ပါတီ (မြန်မာနိုင်ငံ)
ပါတီခေါင်းဆောင် ဦးသုဝေ (၁၉၉၀ ရွေးကောက်ပွဲ ကာလက ဖွဲ့စည်းခဲ့သော ဒီမိုကရေစီပါတီ၌ ဥက္ကဋ္ဌအဖြစ် တာဝန်ယူခဲ့)
ပါတီမဲဆန္ဒနယ် နိုင်ငံတဝန်း
ပါတီမူဝါဒ လုပ်ငန်းစဉ် ဒီမိုကရက်တစ် ပါတီသည် ပြည်ထောင်စုသူ ပြည်ထောင်စုသား များအား ဒီမိုကရေစီ အခွင့်အရေး အပြည့်အ၀ ခံစားရရှိနိုင်ရန်နှင့် ဒီမိုကရေစီ ထွန်းကားရေး အတွက် ဆောင်ရွက် ပေးမည်။ ဒီမိုကရေစီဟု ဆိုခြင်း၌ နိုင်ငံတွင် အချုပ်အခြာ အာဏာသည် ပြည်သူလူထု၌ တည်၍ အာဏာဟူသမျှ လူထုထံမှ ဆင်းသက်ရသော စနစ်ကို ဆိုလိုသည်။ ဒီမိုကရက်တစ် ပါတီက ယုံကြည်သော ဒီမိုကရေစီ စနစ်တွင် လွတ်လပ်ခြင်း၊ တရားမျှတခြင်း၊ ညီမျှခြင်းတည်း ဟူသော လောကပါလ တရားများ ထွန်းကားကျင့်သုံး နိုင်ရေး၊ နိုင်ငံရေး လွတ်လပ်မှု၊ စီးပွားရေး လွတ်လပ်မှု၊ တရားစီရင်ရေးတွင် လွတ်လပ်မှု၊ လွတ်လပ်စွာ တွေးတော ကြံဆနိုင်မှု၊ လွတ်လပ်စွာ ဟောပြော စည်းရုံးနိုင်မှု စသည့် လွတ်လပ်မှု အခြေခံ အခွင့်အရေး များကို ပြည်သူတို့ အပြည့်အ၀ ခံစားနိုင်ကြရန် ဖြစ်သည်။
ဆက်သွယ်ရန် အမှတ် ၆၊ ကွက်သစ်လမ်း၊ ရေကျော်၊ ပုဇွန်တောင်မြို့နယ်၊ ရန်ကုန်။ ဖုန်း (+) ၉၅ ၁ ၂၉၇ ၆၁၇
 

ပြည်ထောင်စု ကြံ့ခိုင်ရေးနှင့် ဖွံ့ဖြိုးရေးပါတီ

E-mail Print
05 06
ပါတီအလံ ပါတီအမှတ်တံဆိပ်
(၃) ပြည်ထောင်စု ကြံ့ခိုင်ရေးနှင့် ဖွံ့ဖြိုးရေးပါတီ
ပါတီခေါင်းဆောင် ဦးသိန်းစိန် (ဗိုလ်ချုပ်ကြီးဟောင်း ဖြစ်ပြီး လက်ရှိ စစ်အစိုးရတွင် ဝန်ကြီးချုပ် အဖြစ် တာဝန်ယူလျှက်ရှိ။ ပါတီမဖွဲ့မီ ရက်အနည်းငယ် အလိုတွင် တပ်မတော် ရာထူးမှ နှုတ်ထွက်ခဲ့)
ပါတီမဲဆန္ဒနယ် နိုင်ငံတဝန်း
ပါတီမူဝါဒ လုပ်ငန်းစဉ် “နိုင်ငံတော်၏ နယ်မြေ အပိုင်းအခြား ဟူသမျှသည် နိုင်ငံတော်မှ မည်သည့် အခါမျှ ခွဲမထွက်ရ” ဆိုသည့် ဖွဲ့စည်းပုံ အခြေခံ ဥပဒေပါ ဥပဒေ စည်းနှောင်မှု (Legal Binding) ပြဌာန်းချက်ကို အလေးအနက် ကိုင်စွဲမည်။ ပါတီ၏ ကာကွယ်ရေး မူဝါဒသည် ပြည်တွင်း ပြည်ပ အန္တရာယ်များမှ အပြည့်အ၀ ကာကွယ်နိုင်စွမ်း ရှိအောင် အဓိကကျသည့် နိုင်ငံရေး စွမ်းအား (Political Might) စီးပွားရေး စွမ်းအား (Economic Might) နှင့် ကာကွယ်ရေး စွမ်းအား (Military Might) တို့ကို ခိုင်မာအောင်တည် ဆောက်သွားမည်။
ဆက်သွယ်ရန် မြေကွက် အမှတ် (၅)၊ ရာဇသင်္ဂဟလမ်းနှင့် စီလမ်းဒေါင့်၊ ဒဏ္ဍိဏသီရိမြို့နယ်၊ နေပြည်တော်။
 

တိုင်းရင်းသား စည်းလုံးညီညွတ်ရေးပါတီ

E-mail Print
07 08
ပါတီအလံ ပါတီအမှတ်တံဆိပ်
(၄) တိုင်းရင်းသား စည်းလုံးညီညွတ်ရေးပါတီ
ပါတီခေါင်းဆောင် ဦးထွန်းရီ (ကြည်းတပ် ဒုတိယ ကာကွယ်ရေး ဦးစီးချုပ် အဖြစ် တာဝန်ယူခဲ့)
ပါတီမဲဆန္ဒနယ် နိုင်ငံတဝန်း
ပါတီမူဝါဒ လုပ်ငန်းစဉ် လူတဦး လူတစု၏ ကျဉ်းမြောင်းသော အတ္တ အကျိုးစီးပွား အတွက် ကျန်လူ အများစုကြီးကို ဆင်းရဲဒုက္ခ ရောက်စေမည့် လုပ်ရပ်များ ကင်းဝေး စေရေးကို ဆောင်ရွက်မည့် ဝါဒဖြစ်သည်။ လူ့အဖွဲ့ အစည်းအတွင်း တရားမျှတခြင်း၊ လွတ်လပ်ခြင်း၊ ညီမျှခြင်း တည်းဟူသော လောကပါလ တရားများအပေါ် အခြေခံလျက် လူတဦး၊ လူတစုအပါအဝင် လူအများစုကြီး၏ ကြီးပွား တိုးတက်ရေး ကောင်းစားရေးကို ရှေးရှုဆောင်ရွက်မည့် ဝါဒဖြစ်သည်။ လူအများစုကြီး၏ အကျိုးစီးပွားကို ဖော်ဆောင်ရာတွင် မြန်မာ့သမိုင်း အစဉ်အလာ၊ မြန်မာ့ ယဉ်ကျေးမှု၊ ဓလေ့ထုံးတမ်း များနှင့် လျော်ညီစွာ အစီအစဉ်ရှိရှိ ဆောင်ရွက် နိုင်ရေး၊ အမျိုးသားဟန်၊ အမျိုးသား မာန်တို့ဖြင့် အမျိုးသား ကိုယ်ပိုင် ရပ်တည်ချက် ပေါ်လွင် ဆောင်ရွက်ရေး တို့အတွက် ချမှတ်ထားခြင်း ဖြစ်သည်။
ဆက်သွယ်ရန် အမှတ် ၂၄၊ အောင်ဇေယျလမ်း၊ ဗဟန်းမြို့နယ်၊ ရန်ကုန်။ ဖုန်း (+) ၉၅ ၁ ၅၅၇ ၄၅၆၊ ၅၅၇ ၄၅၉၊ ၅၅၇ ၄၈၀
 

ကရင်ပြည်သူ့ပါတီ

E-mail Print
09 10
ပါတီအလံ ပါတီအမှတ်တံဆိပ်
(၅) ကရင်ပြည်သူ့ပါတီ
ပါတီခေါင်းဆောင် စောထွန်းမြင့်အောင်၊ ဒေါက်တာ စောစိုင်မွန်သာ (စစ်အစိုးရနှင့် ကရင်အမျိုးသား အစည်းအရုံး အကြား ငြိမ်းချမ်းရေး ဆွေးနွေးပွဲများ ဖြစ်မြောက်အောင် ကူညီဆောင်ရွက်ခဲ့။ ရန်ကုန် အခြေစိုက် ကရင်ဖွံ့ဖြိုး တိုးတက်ရေး ကော်မီတီ၏ လက်ရှိဥက္ကဋ္ဌဖြစ်)
ပါတီမဲဆန္ဒနယ် နိုင်ငံတ၀န်း
ပါတီမူဝါဒ လုပ်ငန်းစဉ် နိုင်ငံရေးကျင့်စဉ်၊ အုပ်ချုပ်ရေး စနစ်နှင့် စီးပွားရေး ပုံစံများကို ပြုပြင်ပြောင်းလဲရန် ဖြစ်သည်။ အခြေခံ ဥပဒေတွင် ပြဌာန်းသည့် အတိုင်း ပြည်သူလူထုမှ အပြည့်အဝ ရရှိနိုင်ရေး ဖြစ်သည်။ ငြိမ်းချမ်းရေး၊ တရားဥပဒေ စိုးမိုးရေးနှင့် လူတစ်ဦးချင်းစီ၏ အရည်အသွေး တိုးတက် မြင့်မားရေး အတွက် ဆောင်ရွက်မည်။ ပြည်သူလူထု စားဝတ်နေမှု ဖူလုံရေး အတွက် လူတိုင်းစွမ်းရည် အလိုက် အလုပ် လုပ်နိုင်သည့် အခွင့်အလမ်း ဖော်ဆောင်နိုင်မည်။ တရားမျှတစွာသော လူနေမှုစနစ်၊ စီးပွားရေးစနစ်နှင့် လူမှုအခွင့် အရေးများကို ဖော်ဆောင်နိုင်မည်။ ခေတ်မီဖွံ့ဖြိုး တိုးတက်သော ဒီမိုကရေစီ နိုင်ငံတော် သစ်ဆီသို့ လျှောက်လှမ်း ရာတွင် တတပ်တအား ပါဝင်ဆောင်ရွက် နိုင်မည်။
ဆက်သွယ်ရန် အမှတ် ၁၅/၅၁၊ တော်ဝင်လမ်း၊ ရွှေပြည်သာမြို့နယ်၊ ရန်ကုန်။ ဖုန်း (+) ၉၅ ၉၅၀ ၀၆၃ ၄၁
 

ရှမ်းတိုင်းရင်းသားများ ဒီမိုကရက်တစ်ပါတီ

E-mail Print
11 12
ပါတီအလံ ပါတီအမှတ်တံဆိပ်
(၆) ရှမ်းတိုင်းရင်းသားများ ဒီမိုကရက်တစ်ပါတီ
ပါတီခေါင်းဆောင် စိုင်းအိုက်ပေါင်း (၁၉၉၀ ရွေးကောက်ပွဲ၌ ရှမ်းပြည်နယ်တွင် ၂၃ နေရာ အနိုင်ရရှိခဲ့သော ရှမ်းအမျိုးသား ဒီမိုကရေစီအဖွဲ့ချုပ်၌ ခေါင်းဆောင်တဦးအဖြစ် တာဝန်ယူခဲ့)
ပါတီမဲဆန္ဒနယ် နိုင်ငံတ၀န်း (ရှမ်းတိုင်းရင်းသားများ နေထိုင်ရာ ဒေသများကို အဓိကပစ်မှတ်ထား)
ပါတီမူဝါဒ လုပ်ငန်းစဉ် တိုင်းရင်းသားလူမျိုး အသီးသီး၏ စာပေယဉ်ကျေးမှုနှင့် ရိုးရာဓလေ့များ မပျောက်ပျက် စေရန်နှင့် ဖွံ့ဖြိုးတိုးတက်စေရန် ဥပဒေ ပြဌာန်းနိုင်ရေး အတွက် ကြိုးပမ်း ဆောင်ရွက်မည်။ နိုင်ငံရေးနှင့် အခြားကဏ္ဍ အသီးသီးတွင် ထိပ်တိုက် ရင်ဆိုင်ရေး၊ ဆန့်ကျင်ရေး ဦးစားမပေးဘဲ ပိုမိုထိရောက်သော အကျိုးဖြစ်ထွန်းမှု အတွက် ရရှိသည့် လုပ်ပိုင်ခွင့်များ အားလုံးကို ရယူ အကောင်အထည် ဖော်သွားမည်။
ဆက်သွယ်ရန် အမှတ် ၉၊ သစ္စာလမ်း၊ တောင်ဥက္ကလာပမြို့နယ်၊ ရန်ကုန်။ ဖုန်း (+) ၉၅ ၁ ၅၇၃ ၀၉၂
 

ချင်းအမျိုးသားပါတီ

E-mail Print
13 14
ပါတီအလံ ပါတီအမှတ်တံဆိပ်
(၇) ချင်းအမျိုးသားပါတီ
ပါတီခေါင်းဆောင် ဇိုဇမ် (ခ) ဇင်ကျိုင်းဖော
ပါတီမဲဆန္ဒနယ် ချင်းပြည်နယ်နှင့် ချင်းတိုင်းရင်းသားများ နေထိုင်ရာ အခြားဒေသများ
ပါတီမူဝါဒ လုပ်ငန်းစဉ် ပြည်ထောင်စု မြန်မာနိုင်ငံတော်၌ နိုင်ငံသားတို့၏ စားဝတ်နေရေး တည်းဟူသော အခြေခံအရေး သုံးချက်ကို ဒီမိုကရေစီ နည်းအရ စနစ်တကျ ဆောင်ရွက်ပေးခြင်းမှာ အခြေခံနိုင်ငံရေး လုပ်ငန်းစဉ် ဖြစ်သည်ဟု အလေးအနက် ခံယူသည်။ ပြည်ထောင်စု မြန်မာနိုင်ငံအတွင်း မှီတင်းနေထိုင်လျှက် ရှိပြီး တိုးတက်ဖွံ့ဖြိုးမှု နောက်ကျန်နေသော တိုင်းရင်းသား လူနည်းစုတို့၏ အရေးကိစ္စများကို ဦးစားပေး အဖြစ် ဆောင်ရွက် ပေးနိုင်မှသာလျှင် ထာဝရ ငြိမ်းချမ်းသာယာပြီး ညီညွတ်မျှတသော ပြည်ထောင်စုကြီး အဖြစ် အမြန်တည်ဆောက် နိုင်မည်ဟု ခံယူသည်။ ပြည်တွင်း ငြိမ်းချမ်းရေးကို မဖြစ်မနေ တည်ဆောက်ရန် လိုအပ်သည်ဟု ခံယူသည်။
ဆက်သွယ်ရန် အမှတ် ၂၇၇၊ ဘီပီအိုင်လမ်း၊ အနောက်ကြို့ကုန်း၊ အင်းစိန်မြို့နယ်၊ ရန်ကုန်။ ဖုန်း (+) ၉၅ ၉၅၀ ၃၀၈ ၇၀
 

မတူကွဲပြားခြင်းနှင့် ငြိမ်းချမ်းရေးပါတီ

E-mail Print
15 16
ပါတီအလံ ပါတီအမှတ်တံဆိပ်
(၈) မတူကွဲပြားခြင်းနှင့် ငြိမ်းချမ်းရေးပါတီ
ပါတီခေါင်းဆောင် ဦးညိုမင်းလွင်၊ ဦးနေမျိုးဝေ
ပါတီမဲဆန္ဒနယ် နိုင်ငံတ၀န်း
ပါတီမူဝါဒ လုပ်ငန်းစဉ် “လူသားဆန်သော ဒီမိုကရက်တစ် နိုင်ငံသားဝါဒ” ကို ကျင့်သုံးမည်။ ထိုဝါဒသည် လူသား မျိုးနွယ်တို့၏ အကျိုးစီးပွားကို မျက်ကွယ်ပြုမည် မဟုတ်။ ဒီမိုကရက်တစ် လုပ်နည်း လုပ်ဟန်တို့ကို လိုက်နာ ကျင့်သုံးမည်။ အခွန်ထမ်း နိုင်ငံသားများ၏ အကျိုးကို ပထမဦးစားပေး စဉ်းစားမည်။
ဆက်သွယ်ရန် အမှတ် ၂/၂/၂၃၂၊ မဟော်ဂနီလမ်း၊ ထောက်ကြံ့၊ မင်္ဂလာဒုံမြို့နယ်၊ ရန်ကုန်။ ဖုန်း (+) ၉၅ ၉၈၆ ၁၀၇ ၁၉
 

ခေတ်သစ်ပြည်သူ့ပါတီ

E-mail Print
17 18
ပါတီအလံ ပါတီအမှတ်တံဆိပ်
(၉) ခေတ်သစ်ပြည်သူ့ပါတီ
ပါတီခေါင်းဆောင် ထွန်းအောင်ကျော် (၁၉၉၀ ရွေးကောက်ပွဲတွင် ၀င်ရောက် ယှဉ်ပြိုင်ခဲ့သော ညီညွတ်ရေးနှင့် ဖွံ့ဖြိုးတိုးတက်ရေး ပါတီ အတွင်းရေးမှူး ဖြစ်ခဲ့သည်။ ယင်းပါတီသည် ရွေးကောက်ပွဲတွင် မည်သည့် မဲဆန္ဒနယ်တွင်မှ အောင်နိုင်ခဲ့ခြင်း မရှိပါ။ ၁၉၉၂ ခုနှစ်တွင် စစ်အစိုးရက နိုင်ငံရေး ပါတီအဖြစ်မှ ဖျက်သိမ်းခဲ့သည်။ နောက်ပိုင်းတွင် အစိုးရပိုင် သတင်းစာများတွင် အောင်မိုးစံ၊ ထွန်းအောင်ကျော် (မာန်အောင်) စသည့် ကလောင်များဖြင့် ဆောင်းပါးများ ရေးသားသည်။ အလံနီ ကွန်မြူနစ် ခေါင်းဆောင် သခင်စိုး၏ ကိုယ်ရေး အရာရှိ အဖြစ် ၉ နှစ် လုပ်ခဲ့ဖူးသည်။)
ပါတီမဲဆန္ဒနယ် နိုင်ငံတ၀န်း
ပါတီမူဝါဒ လုပ်ငန်းစဉ် ဆင်ခြင်တုံတရားမဲ့ယုံကြည်မှုနှင့် စနစ်တကျ လေ့လာသုံးသပ်မှု ကင်းမဲ့ခြင်းများကို ရှောင်ရှားပြီး အသိပညာအလိမ္မာနှင့် လေးနက်သည့် အဘိဓမ္မာအပေါ်တွင် အခြေခံမည်။
ဆက်သွယ်ရန် အမှတ် ၂၂၅၊ ဗိုလ်ချုပ်အောင်ဆန်းလမ်း၊ ကျောက်တံတားမြို့နယ်၊ ရန်ကုန်။ ဖုန်း (+) ၉၅ ၁ ၅၀၄ ၈၈၂
 
  • «
  •  Start 
  •  Prev 
  •  1 
  •  2 
  •  Next 
  •  End 
  • »
Page 1 of 2
ads-Distribution-of-Constituencies
ads-members

ဆန္ဒသဘောထား

နိုဝင်ဘာလ ၇ ရက်နေ့တွင် ကျင်းပမည့် ရွေးကောက်ပွဲကို သင် မဲပေးမည်လား၊ သပိတ်မှောက်မည်လား။
 

သူတို့ပြောသမျှ

mm-nyan-win“နိုဝင်ဘာလမှာ သူ (ဒေါ်အောင်ဆန်းစုကြည်) ရဲ့ ပြစ်ဒဏ်ကာလ ကုန်ဆုံးချိန်မှာ ချမှတ်ထားတဲ့ပြစ်ဒဏ်ကို သူခံယူပြီး ဖြစ်ပါ လိမ့်မယ်။ ဒီကိစ္စအပေါ် အငြင်းပွားစရာ မရှိပါဘူး” — စစ်အစိုးရ နိုင်ငံခြားရေးဝန်ကြီး ဦးဉာဏ်ဝင်း