Burma Election 2010

Home နိုင်ငံရေးပါတီများ

နိုင်ငံရေးပါတီများ

ဝံသာနု NLD (ပြည်ထောင်စု မြန်မာနိုင်ငံ)

E-mail Print
17 18
ပါတီအလံ ပါတီအမှတ်တံဆိပ်
(၁၀) ဝံသာနု NLD (ပြည်ထောင်စု မြန်မာနိုင်ငံ)
ပါတီခေါင်းဆောင် ဦးဌေးအောင်၊ ဒေါ်နန်းရွှေကြာ
ပါတီမဲဆန္ဒနယ် မန္တလေးတိုင်း
ပါတီမူဝါဒ လုပ်ငန်းစဉ် တိုင်းရင်းသား လုပ်သားပြည်သူ တရပ်လုံးအား စည်းရုံးဖော်ဆောင်နိုင်စေရန်အတွက် ပညာပေးခြင်း၊ စည်းရုံးခြင်း၊ သိမ်းသွင်းအခြေပြုခြင်းဟူသော ဒီမိုကရေစီ အခြေခံကျင့်စဉ်များအပေါ် အခိုင်အမာ ရပ်တည်လျှက် ပုံဖော်ဆောင်ရွက်မည်။ တမျိုးသားလုံး၏ စီးပွားရေးဘ၀ ပြန်လည်ရှင်သန် ဦးမော့လာစေရေးအတွက် လွတ်လပ်၍ တရားမျှတသော ဈေးကွက်စီးပွားရေး (Free, Fair and Social Market Economy) တည်ဆောက်နိုင်ရေးအတွက် ဘက်စုံပူးပေါင်းဆောင်ရွက်မည်။ အမျိုးသားဆိုင်ရာ အမျိုးသားစီးပွားရေး၊ လူမှုရေးဘဝ အထောက်အကူပြုသည့် အခြေခံသင်ကြားမှု ဖြစ်စေရေးနှင့် နိုင်ငံတကာအဆင့်မီ သင်ရိုးညွှန်းတမ်းများအရ ခေတ်မီပညာရေးစနစ် ထူထောင်နိုင်ရေး ဦးတည်မည်။ ပြည်ထောင်စုတဝန်းလုံး ပြည်နယ်၊ ပြည်မ မခွဲခြားဘဲ တမျိုးသားလုံးအပေါ် အကျိုးသက်ရောက်စေမည့် ကျန်းမာရေးဝန်ဆောင်စေမှု၊ အခမဲ့ ဆေးဝါးကုသခွင့် ရှိစေမှုများအပေါ် အလေးထားဦးစားပေး ဆောင်ရွက်မည်။ အထူးသဖြင့် အနာဂတ်မျိုးဆက်၏ ဘ၀မြင့်မားတိုးတက်မှု၏ ပင်မအခြေခံဖြစ်သော မိခင်နှင့် ကလေး စောင့်ရှောက်ရေးအပေါ် အလေးထား ဦးစားပေးဆောင်ရွက်မည်။
ဆက်သွယ်ရန် နန်းဦးလွင်ကျေးရွာအုပ်စု၊ ပုသိမ်ကြီးမြို့နယ်၊ မန္တလေး။ ဖုန်း (+) ၉၅ ၉၆၈ ၀၆၅ ၇၂
 

၈၈ မျိုးဆက် ကျောင်းသားလူငယ်များ (ပြည်ထောင်စုမြန်မာနိုင်ငံ)

E-mail Print
19
ပါတီအလံ
(၁၁) ၈၈ မျိုးဆက် ကျောင်းသားလူငယ်များ (ပြည်ထောင်စုမြန်မာနိုင်ငံ)
ပါတီခေါင်းဆောင် ဦးရဲထွန်း (ပြည်ထောင်စု မြန်မာနိုင်ငံ အမျိုးသားနိုင်ငံရေး အဖွဲ့ချုပ် ဥက္ကဋ္ဌ ဦးအေးလွင်၏ ညီဖြစ်သည်)
ပါတီမဲဆန္ဒနယ် ရန်ကုန်တိုင်း၊ မန္တလေးတိုင်း၊ ဧရာဝတီတိုင်း၊ စစ်ကိုင်းတိုင်း၊ တနင်္သာရီတိုင်း နှင့် ရခိုင်ပြည်နယ်
ပါတီမူဝါဒ လုပ်ငန်းစဉ် နိုင်ငံတော်ကကျင့်သုံးသော နိုင်ငံရေးစနစ်၊ စီးပွားရေးစနစ်၊ စစ်ရေးနှင့် ကာကွယ်ရေးစနစ်၊ ဥပဒေပြုရေး စနစ်၊ အုပ်ချုပ်ရေးစနစ်၊ တရားစီရင်ရေးစနစ်၊ လူထုဆက်ဆံရေး (မီဒီယာ) စနစ်၊ ပညာရေးစနစ်၊ ကျန်းမာရေးစောင့်ရှောက်မှုစနစ်၊ မြေယာစနစ်၊ ငွေကြေးစနစ်၊ သဘာဝပတ်ဝန်းကျင် ထိန်းသိမ်းရေး စနစ်၊ သဘာဝဘေးအန္တရာယ် တားဆီးကာကွယ်ရေးစနစ်တို့ကို အစဉ်အမြဲလွတ်လပ်စွာ ရှင်သန်တိုးတက် ခေတ်မီနေစေရန် စီမံဆောင်ရွက်မည်။ တိုင်းရင်းသားလူမျိုးများ၏ ဘာသာစကား၊ စာပေ၊ ယဉ်ကျေးမှုနှင့် သက်ဆိုင်သော အဖွဲ့အစည်းများ၊ လူထုလူတန်းစားနှင့် သက်ဆိုင်သော အဖွဲ့အစည်းများ၊ လူမှုရေးနှင့်သက်ဆိုင်သော အဖွဲ့အစည်းများ၊ ဘာသာရေးနှင့်သက်ဆိုင်သော အဖွဲ့အစည်းများ၊ စီးပွားရေးနှင့်သက်ဆိုင်သော အဖွဲ့အစည်းများ၊ အားကစားနှင့်သက်ဆိုင်သော အဖွဲ့အစည်းများတို့ကို လွတ်လပ်စွာ ဖွဲ့စည်းထူထောင်နိုင်ရေးအတွက် အားပေးဆောင်ရွက်မည်။
ဆက်သွယ်ရန် အခန်း ၃၀၁၊ တိုက် (စ)၊ ပုလဲ ကွန်ဒိုမီနီယမ်၊ ကမ္ဘာအေးလမ်း၊ ဗဟန်းမြို့နယ်၊ ရန်ကုန်။ ဖုန်း (+) ၉၅ ၁ ၅၅၆ ၅၅၄
 

ပြည်ထောင်စု မြန်မာနိုင်ငံ အမျိုးသား နိုင်ငံရေးအဖွဲ့ချုပ်

E-mail Print
20
ပါတီအလံ
(၁၂) ပြည်ထောင်စု မြန်မာနိုင်ငံ အမျိုးသား နိုင်ငံရေးအဖွဲ့ချုပ်
ပါတီခေါင်းဆောင် ဦးအေးလွင်
ပါတီမဲဆန္ဒနယ် နိုင်ငံတဝန်း
ပါတီမူဝါဒ လုပ်ငန်းစဉ် ပြည်သူလူထု၏ လွတ်လပ်ခွင့် ဒီမိုကရေစီနှင့် လူ့အခွင့်အရေးကို အားပေးမြှင့်တင်သွားမည်။ နိုင်ငံရေးတွင် အရပ်သားများ၏ အခန်းကဏ္ဍကို မြှင့်တင်မည်။ ဈေးကွက်စီးပွားရေးစနစ်ကို အားပေးမည်။ လွတ်လပ်စွာ ပြိုင်ဆိုင်မှုနှင့် နိုင်ငံခြားရင်းနှီးမြုပ်နှံမှုများကို အားပေးသွားမည်။
ဆက်သွယ်ရန် အခန်း ၃၀၁၊ တိုက် (စ)၊ ပုလဲ ကွန်ဒိုမီနီယမ်၊ ကမ္ဘာအေးလမ်း၊ ဗဟန်းမြို့နယ်၊ ရန်ကုန်။ ဖုန်း (+) ၉၅ ၁ ၅၅၆ ၅၅၄
 

ဒီမိုကရေစီနှင့် ငြိမ်းချမ်းရေးပါတီ

E-mail Print
01 02
ပါတီအလံ ပါတီအမှတ်တံဆိပ်
(၁၃) ဒီမိုကရေစီနှင့် ငြိမ်းချမ်းရေးပါတီ
ပါတီခေါင်းဆောင် ဦးအောင်သန်း (ဗဟိုတရားရုံးရှေ့နေတယောက်ဖြစ်သည်။ ၁၉၉၀ ရွေးကောက်ပွဲတွင် ၀င်ရောက် ယှဉ်ပြိုင်ခဲ့သော ဒီမိုကရေစီနှင့် ငြိမ်းချမ်းရေးအဖွဲ့ချုပ်၏ ဗဟိုအသိပညာရှင်များအဖွဲ့တွင် တွဲဖက် အတွင်းရေးမှူး ဖြစ်ခဲ့ပြီး ပန်းပဲတန်းမြို့နယ် လွှတ်တော် ကိုယ်စားလှယ်လောင်းအဖြစ် ၀င်ရောက် ယှဉ်ပြိုင်ခဲ့သည်။)
ပါတီမဲဆန္ဒနယ် ရန်ကုန်တိုင်းအတွင်း အဓိက ယှဉ်ပြိုင်သည်။
ပါတီမူဝါဒ လုပ်ငန်းစဉ် ပါတီသည် အစိုးရအရင်းရှင်စနစ်သို့ ဦးမလှည့်ရေးအတွက် လွတ်လပ်စွာ ယှဉ်ပြိုင်ရောင်းဝယ်သည့် ဈေးကွက်စီးပွားရေးစနစ်ကို ကျင့်သုံးမည်။ လူများစု ဆင်းရဲသားများ အကျိုးအတွက် အသေးစား ငွေစုငွေချေးအသင်းများကို ထူထောင်သွားမျာဖြစ်ပြီး ငွေကြေးအကျိုးအမြတ်အပေါ် အခြေမခံဘဲ ကျေးလက်လူထုကိုယ်တိုင် ဖွဲ့စည်းထူထောင်သည့် “လူမှုစီးပွား မြှင့်တင်ရေးအသင်း” များကို ပေါ်ပေါက်အောင် ဆောင်ရွက်မည်။
ဆက်သွယ်ရန် အမှတ် ၆၄၇၊ ကုန်သည်လမ်း၊ ပန်းပဲတန်းမြို့နယ်၊ ရန်ကုန်။ ဖုန်း (+) ၉၅ ၁ ၇၃၀ ၈၂၄ ၅၁
 

အမျိုးသားနိုင်ငံရေး မဟာမိတ်များအဖွဲ့ချုပ်

E-mail Print
01 02
ပါတီအလံ ပါတီအမှတ်တံဆိပ်
(၁၄) အမျိုးသားနိုင်ငံရေး မဟာမိတ်များအဖွဲ့ချုပ်
ပါတီခေါင်းဆောင် ဦးတင်ထွန်းမောင် (အငြိမ်းစား ဗိုလ်ကြီးဟောင်းတဦးဖြစ်ပြီး ၁၉၉၀ ရွေးကောက်ပွဲတွင် အမျိုးသား ဒီမိုကရေစီအဖွဲ့ချုပ် (NLD) ၏ ရန်ကုန်တိုင်း မင်္ဂလာဒုံမြို့နယ် မဲဆန္ဒနယ်မှ ၀င်ရောက်ယှဉ်ပြိုင် အနိုင်ရရှိခဲ့သည်။ အမျိုးသာညီလာခံကို NLD က ၁၉၉၅ ခုနှစ်တွင် သပိတ်မှောက်ခဲ့သော်လည်း ဦးတင်ထွန်းမောင် ဆက်လက် တက်ရောက်ခဲ့ပြီး ထိုအချိန်မှစ၍ NLD မှ ထုတ်ပယ်ခြင်း ခံခဲ့ရသည်။
ပါတီမဲဆန္ဒနယ် နိုင်ငံတဝန်း
ပါတီမူဝါဒ လုပ်ငန်းစဉ် ပါတီအနေဖြင့် ၂၀၁၀ ရွေးကောက်ပွဲကို ၀င်ရောက်ယှဉ်ပြိုင်ရသည့် အဓိကရည်ရွယ်ချက် ၃ ချက်မှာ ငြိမ်းချမ်းရေး၊ ဒီမိုကရေစီရေးနှင့် ပြည်သူ့ဘ၀ ပြောင်းလဲတိုးတက်ရေး တို့ဖြစ်သည်။ နိုင်ငံသား များ၏ ဓနဥစ္စာစုဆောင်းခြင်း (Accumulation of Wealth) အား ပုဂ္ဂလိက စီးပွားရေးကဏ္ဍကို မြှင့်တင်ဆောင်ရွက်ခြင်းဖြင့် အားပေးသွားမည်။ နိုင်ငံတော်အနေဖြင့် ရရှိလာသော ဓနဥစ္စာများကို မျှဝေခံစား (Distribution of Wealth) နိုင်ရန် ဥပဒေပြဌာန်း ဆောင်ရွက်မည်။ ပါတီသည် ဖွဲ့စည်း ပုံအခြေခံဥပဒေက အပ်နှင်းထားသည့် ထိန်းကျောင်းမှုစနစ် (Check and Balance) ကို ထိရောက် စွာ အသုံးချသွားမည်။
ဆက်သွယ်ရန် တိုက်အမှတ် ၄၉၊ ၁၆ လမ်း၊ လမ်းမတော်မြို့နယ်၊ ရန်ကုန်။ ဖုန်း (+) ၉၅ ၁ ၇၃၀ ၉၄၂ ၁၃
 

ရွေးကောက်ပွဲဝင်မည့် အခြားနိုင်ငံရေးပါတီများ

E-mail Print

ရွေးကောက်ပွဲဝင်မည့် အခြားနိုင်ငံရေးပါတီများ

၁၅။ ပအိုးဝ်အမျိုးသား အဖွဲ့ချုပ်
၁၆။ ပြည်ထောင်စု ဒီမိုကရေစီပါတီ  
၁၇။ တအောင်း (ပလောင်) အမျိုးသားပါတီ
၁၈။ “ဝ” ဒီမိုကရက်တစ်ပါတီ
၁၉။ မြို (ခေါ်) ခမိ အမျိုးသား ညီညွတ်ရေးအဖွဲ့
၂၀။ လားဟူအမျိုးသား ဖွံ့ဖြိုးတိုးတက်ရေးပါတီ
၂၁။ ဖလုံ - စဝေါ် ဒီမိုကရက်တစ်ပါတီ
၂၂။ ချင်းတိုးတက်ရေးပါတီ
၂၃။ ကယန်းအမျိုးသားပါတီ
၂၄။ အမျိုးသား ဖွံ့ဖြိုးတိုးတက်ရေး ဒီမိုကရက်တစ်ပါတီ
၂၅။ မြန်မာနိုင်ငံ ရခိုင်ပြည်နယ်အမျိုးသားအင်အားစု
၂၆။ “၀” အမျိုးသား စည်းလုံးညီညွှတ်ရေးပါတီ
၂၇။ အင်းအမျိုးသား ဖွံ့ဖြိုးတိုးတက်ရေးပါတီ
၂၈။ ကိုးကန့် ဒီမိုကရေစီနှင့် ညီညွတ်ရေးပါတီ
၂၉။ မွန်ဒေသလုံးဆိုင်ရာ ဒီမိုကရေစီပါတီ
၃၀။ ညီညွတ်သော ဒီမိုကရက်တစ်ပါတီ
၃၁။ ရခိုင်တိုင်းရင်းသားများ တိုးတက်ရေးပါတီ
၃၂။ တိုင်းရင်းသားလူမျိုးစုများ ဖွံ့ဖြိုးရေးပါတီ
၃၃။ ခမိအမျိုးသား ဖွံ့ဖြိုးတိုးတက်ရေးပါတီ
၃၄။ ကမန်အမျိုးသားတိုးတက်ရေးပါတီ
၃၅။ စည်းလုံးညီညွတ်ရေးနှင့် ဒီမိုကရေစီပါတီ ကချင်ပြည်နယ်
၃၆။ အမျိုးသားဖွံ့ဖြိုးတိုးတက်ရေးနှင့် ငြိမ်းချမ်းရေးပါတီ
၃၇။ ကရင်ပြည်နယ် ဒီမိုကရေစီနှင့် ဖွံ့ဖြိုးတိုးတက်ရေးပါတီ
 
Page 2 of 2
ads-Distribution-of-Constituencies
ads-members

ဆန္ဒသဘောထား

နိုဝင်ဘာလ ၇ ရက်နေ့တွင် ကျင်းပမည့် ရွေးကောက်ပွဲကို သင် မဲပေးမည်လား၊ သပိတ်မှောက်မည်လား။
 

သူတို့ပြောသမျှ

mm-nyan-win“နိုဝင်ဘာလမှာ သူ (ဒေါ်အောင်ဆန်းစုကြည်) ရဲ့ ပြစ်ဒဏ်ကာလ ကုန်ဆုံးချိန်မှာ ချမှတ်ထားတဲ့ပြစ်ဒဏ်ကို သူခံယူပြီး ဖြစ်ပါ လိမ့်မယ်။ ဒီကိစ္စအပေါ် အငြင်းပွားစရာ မရှိပါဘူး” — စစ်အစိုးရ နိုင်ငံခြားရေးဝန်ကြီး ဦးဉာဏ်ဝင်း