တိုင်းရင်းသား စည်းလုံးညီညွတ်ရေးပါတီ

Print
07 08
ပါတီအလံ ပါတီအမှတ်တံဆိပ်
(၄) တိုင်းရင်းသား စည်းလုံးညီညွတ်ရေးပါတီ
ပါတီခေါင်းဆောင် ဦးထွန်းရီ (ကြည်းတပ် ဒုတိယ ကာကွယ်ရေး ဦးစီးချုပ် အဖြစ် တာဝန်ယူခဲ့)
ပါတီမဲဆန္ဒနယ် နိုင်ငံတဝန်း
ပါတီမူဝါဒ လုပ်ငန်းစဉ် လူတဦး လူတစု၏ ကျဉ်းမြောင်းသော အတ္တ အကျိုးစီးပွား အတွက် ကျန်လူ အများစုကြီးကို ဆင်းရဲဒုက္ခ ရောက်စေမည့် လုပ်ရပ်များ ကင်းဝေး စေရေးကို ဆောင်ရွက်မည့် ဝါဒဖြစ်သည်။ လူ့အဖွဲ့ အစည်းအတွင်း တရားမျှတခြင်း၊ လွတ်လပ်ခြင်း၊ ညီမျှခြင်း တည်းဟူသော လောကပါလ တရားများအပေါ် အခြေခံလျက် လူတဦး၊ လူတစုအပါအဝင် လူအများစုကြီး၏ ကြီးပွား တိုးတက်ရေး ကောင်းစားရေးကို ရှေးရှုဆောင်ရွက်မည့် ဝါဒဖြစ်သည်။ လူအများစုကြီး၏ အကျိုးစီးပွားကို ဖော်ဆောင်ရာတွင် မြန်မာ့သမိုင်း အစဉ်အလာ၊ မြန်မာ့ ယဉ်ကျေးမှု၊ ဓလေ့ထုံးတမ်း များနှင့် လျော်ညီစွာ အစီအစဉ်ရှိရှိ ဆောင်ရွက် နိုင်ရေး၊ အမျိုးသားဟန်၊ အမျိုးသား မာန်တို့ဖြင့် အမျိုးသား ကိုယ်ပိုင် ရပ်တည်ချက် ပေါ်လွင် ဆောင်ရွက်ရေး တို့အတွက် ချမှတ်ထားခြင်း ဖြစ်သည်။
ဆက်သွယ်ရန် အမှတ် ၂၄၊ အောင်ဇေယျလမ်း၊ ဗဟန်းမြို့နယ်၊ ရန်ကုန်။ ဖုန်း (+) ၉၅ ၁ ၅၅၇ ၄၅၆၊ ၅၅၇ ၄၅၉၊ ၅၅၇ ၄၈၀