အမျိုးသား ဒီမိုကရေစီ အဖွဲ့ချုပ် ပါတီမှတ်ပုံ တင်ရေးကို ကန့်ကွက်သော ဒေါ်အောင်ဆန်းစုကြည် ပြောကြားသည့် အချက် (၆) ချက်

Print
၁။ ၂၀၀၈ ဖွဲ့စည်းပုံ အခြေခံ ဥပဒေကို လုံးဝ လက်မခံနိုင်ပါ။ အဖွဲ့ ချုပ်၏ ရွှေဂုံတိုင် ကြေညာချက်ကို ကိုင်စွဲထားရမည်။

၂။ တရား မျှတမှု မရှိသော၊ တစ်ဘက်သတ် ရေးဆွဲထားသည့် ဥပဒေအရ မှတ်ပုံတင်ခြင်းကို လုံးဝ လက်မခံနိုင်ပါ။ ဥပဒေပါ စည်းကမ်းချက်များမှာ ဒီမိုကရေစီနည်းလမ်း မကျပါ။

၃။ အမျိုးသား ဒီမိုကရေစီ အဖွဲ့ ချုပ်သည် ကျမ၏ ကိုယ်ပိုင်ပစ္စည်း မဟုတ်၊ မည်သူ တစ်ဦး တစ်ယောက်၏ ကိုယ်ပိုင်ပစ္စည်းလည်း မဟုတ်ပါ။

၎။ အဖွဲ့ ချုပ် အတွင်း လူမွေးသည့်အလုပ်၊ လူမွေးသည်ဟု ယူဆနိုင်သည့် အလုပ်များ လုံးဝ မကြိုက်ပါ၊ လက်မခံနိုင်ပါ။

၅။ ပြည်သူလူထုကို ပြောကြားလိုတာက မိမိတတ်နိုင်သလောက် ဒီမိုကရေစီရရှိရေး ကြိုးပမ်းမှုကို ဆက်လက် ဆောင်ရွက်သွားပါ။

၆။ အဖွဲ့ချုပ် ဖျက်သိမ်းခံရလျှင် အဖွဲ့ချုပ် ပျက်စီးသည်ဟု မယူဆ၊ ပျက်စီးခြင်း မဟုတ်ပါ။